ဖယ်ခုံ ကြံ့ခိုင်ရေးရုံး ဗုံးပေါက် NLD လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီ လက်နက်ကြီးပစ်

ဖယ်ခုံ ကြံ့ခိုင်ရေးရုံး ဗုံးပေါက် NLD လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီ လက်နက်ကြီးပစ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲပြီးနောက်ပိုင်း NLD လွှတ်တော်အမတ်နေအိမ်ကို လက်နက်ကြီး ပစ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ ၄ ရက် ည ၁၁ နာရီဝန်းကျင်က ဖယ်ခုံ ကြံ့ခိုင်ရေးရုံး အပါအဝင် (၃)နေရာမှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် NLD ပြည်နယ်လွှတ်တော်အမတ် ဒေါ်မေရီနျို့ ၏ နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ကြံ့ခိုင်ရေးရုံးက ဗုံးအရင်ပေါက်တာ။ ပြီးမှ NLD လွှတ်တော်အမတ် နေအိမ်ကို စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ လှစ်ပစ်လိုက်တာ။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေတော့ အကုန်ပျက်စီးသွားတယ်။ လူတော့ထိခိုက်ဒဏ်ရာရတာ မရှိဘူး” ဟု ဖယ်ခုံမြို့ ဒေသခံ အသက် ၃၀ ကျော်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ပြီးနောက်ပိုင်း NLD လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

“သူတို့ကြံ့ခိုင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီးတော့ သူတို့က NLD လွှတ်တော်အမတ်နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်တာ။ ဖယ်ခုံ အခြေစိုက် စစ်တပ်ကနေဘဲပစ်တာ။ မနေ့ညက ဗုံးခနခန ပေါက်သံကြားရတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ဖယ်ခုံမြို့တွင် အဆိုပါညက ကြံ့ခိုင်ရေးရုံးအပါအဝင် စုစုပေါင်း (၃)နေရာ ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...