သီပေါမြို့နယ် တပ်သားစုဆောင်မှုကြောင့် ဒေသခံများ ရှောင်တိမ်းနေရ

သီပေါမြို့နယ် တပ်သားစုဆောင်မှုကြောင့် ဒေသခံများ ရှောင်တိမ်းနေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် တပ်သားလာစုဆောင်းနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် သီပေါမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များက တပ်သားစုဆောင်းမှု ပြုလုပ်နေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သီပေါမြို့ ဒေသခံများက ပြောသည်။

“ခုတလော တိုက်ပွဲက ငြိမ်သွားပြီ။ တိုက်ပွဲမဖြစ်တော့ဘူး။ စစ်ရှောင်တွေလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ စစ်သားလာကောက်မှာကို ကြောက်တဲ့သူတွေ တချို့ကတော့ ထွက်ပြေးတိမ်ရှောင်နေကြသေးတယ်။ သီပေါမြို့နယ် ထဲရှိတဲ့ ကျေးရွာအများစုကတော့ တပ်သားသစ် လာကောက်မှာကို ကြောက်လို့ ထွက်ပြေးကြပါတယ်” ဟု သီပေါမြို့မှ စစ်ရှောင်များကို ကူညီပေးသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သည့် ပြည်သူများသည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက တပ်သားသစ်လာကောက်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထွက်ပြေးလာသည့်သူအများစုသည် သား(၂)ဦး၊ သမီး (၂)ဦးရှိသူများဖြစ်ကြောင်း သိရသည်။

“ကျမတို့ သီပေါဘက်မှာဆိုတော့ မြောက်ပိုင်း မဟာမိတ်တွေပဲ တပ်သားလာကောက်တာများပါတယ်။ တချို့က အဆင်မပြေလို့ မသွားချင်လို့ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ ထွက်ပြေးနေတဲ့သူတွေကလည်း သား (၂) ၊ သမီး (၂) ယောက်ရှိတဲ့သူတွေ များတယ်” ဟု သီပေါမြို့နယ်မှ အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်ထိ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်၊ လဲချားမြို့ဘက်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ စစ်ရေး တင်းမာနေကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...