နမ့်ခမ်း မြို့မစျေးထဲ ပစ်ခတ်မှုဖြစ် အမျိုးသား (၂)ဦးသေဆုံး

နမ့်ခမ်း မြို့မစျေးထဲ ပစ်ခတ်မှုဖြစ် အမျိုးသား (၂)ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးအတွင်း ယနေ့ (ဇန်နဝါရီ ၄ ရက်) နေ့လည် ၁ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ထိုပစ်ခတ်မှုဖြစ်ပွားပြီး နမ့်ခမ်းမြို့မစျေးထဲ ဖွင့်လှစ်ထားသည့် စျေးဆိုင်များ အလုအယက် ပိတ်သိမ်းလိုက်ရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“သေတဲ့ (၂)ယောက်က ဆက်ကြေးလာကောက်တဲ့ (TNLA) အဖွဲ့က ဖြစ်တယ်လို့ သိရတယ်။ ဒါပေမယ့် အတိအကျတော့ မသိရသေးဘူး” ဟု နမ့်ခမ်းဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

သျှမ်းသံတော်ဆင့် အနေဖြင့် TNLA ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ကို နေ့လည် (၂)နာရီဝန်းကျင်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

“သေနတ်သံတွေ (၁၀)ချက်လောက်ကြားရတယ်။ ခုထက်ထိ နှလုံးခုန် ဒူးတွေတုန်နေတုန်းပဲ။ စျေးထဲက ဆိုင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီးတော့ ကျမတို့လဲ ဆိုင်အမြန်ပိတ်ခဲ့လိုက်တယ်။ ဆိုင်ကို ခါတိုင်း ၁ နာရီလောက် အချိန်ယူပြီး သိမ်းရတာကို ဒီနေ့တော့ ၁၀ မိနစ်လောက်ပဲ သိမ်းရတယ်” ဟု ပစ်ခတ်သည့်အချိန်တွင် နမ့်ခမ်းမြို့မစျေးထဲ စျေးရောင်းနေသည့် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်ဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း နမ့်ခမ်းမြို့မစျေးထဲ ဆက်ကြေးလာကောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင်လည်း (TNLA) တပ်ဖွဲ့မှ နမ့်ခမ်းမြို့မစျေးထဲ ဆက်ကြေးကောက်မှုကြောင့် စျေးသူ၊ စျေးသားများက မြို့မစျေးကို (၅)ရက် ပိတ်ပြီး ဆန္ဒပြခဲ့ကြသည်။

နိုင်ငံရေးရှုပ်ထွေးခြင်း၊ ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် စားဝတ်နေရေး အခက်ခဲဖြစ်နေသည့်အတွက် ယခုလို စျေးထဲ ဆပ်ကြေးမကောက်သင့်ကြောင့် ဒေသခံများက ပြောဆိုကြသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...