ကျောက်မဲ ကုန်းသာရွာသစ် အမျိုးသားတစ်ဦး မိုင်းထိ ဒဏ်ရာရ

ကျောက်မဲ ကုန်းသာရွာသစ် အမျိုးသားတစ်ဦး မိုင်းထိ ဒဏ်ရာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ကုန်းသာရွာသစ်တွင် ယခုလဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။

“တောင်ပလို့နဲ့ ကုန်းသာရွာသစ် ကြားမှာ ဖြစ်တာ၊ တောင်ပလို့နဲ့ ပိုနီးတယ်၊ အဲ့နေ့က ကျမတို့ လမ်းမှာ သန့်ရှင်းရေးလုပ်တာ၊ သူက ပေါက်ပြားနဲ့ သွားပေါက်မိတာလေ၊ ညနေ ၃ နာရီလောက်က ဖြစ်သွားတာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုင်းထိသူမှာ အသက် (၇၀)အရွယ်ရှိ ဦးအေး ဖြစ်ပြီး တောင်ပလို့ – ကုန်းသာရွာသစ် လမ်းဘေးတွင် မိုင်းထိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် လည်ပင်း၊ ဘယ်ဘက် ခြေသလုံး၊ လက်နှင့် ခါးတို့တွင် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ကျောက်မဲပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

မိုင်းကွဲသည့် နေရာသည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုဖြစ်သည့် TNLA ၊ SSPP/SSA တပ်တို့ လှုပ်ရှားသွားလာသည့် နေရာများ ဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာများတွင် ပြည်သူများ မိုင်းနင်းမိမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများ၊ ခြေထောက်ဖြတ်ခံသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...