ဖားကန့်မြို့နယ်မှာမြေစာပုံပြန်ပြိုပြီး လူ ၆၀ ကျော် ပျောက်ဆုံးနေ

ဖားကန့်မြို့နယ်မှာမြေစာပုံပြန်ပြိုပြီး လူ ၆၀ ကျော် ပျောက်ဆုံးနေ

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၄  နာရီအချိန်က  စုပေါင်းမြေစာပုံပြိုကျမှုကြောင့် လူ ၆၀ ကျော်ပျောက်ဆုံးနေကြောင်း ကူညီကယ်ဆယ်နေတဲ့သူတွေဆီကနေ သိရပါတယ်။

“  မော်စီဇာက အုပ်စု စိန်စိန်လုပ်ကွက်ဗျ ၊ အခုတော့ အလောင်းတစ်လောင်းတော့ရှာဖွေတွေ့ရှိထားပြီ ၊ သေဆုံးတဲ့သူကတော့ ၆၀ လောက်တော့ခန့်မှန်းထားတယ်။ ပြီးတော့ စျေးရောင်းတဲ့ စျေးသည်တွေလည်းပါသွားတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

ဒီမြေစာပုံပြိုကျမှုကြောင့် ရေမဆေးတွေအပြင် စျေးသည်တချို့လည်း ဒီမြေပြိုမှုမှာ ပါသွားကြောင်း သိရပါတယ်။

ဒီနေ့တစ်နေကုန်ရှာဖွေမှုအရ လူသေအလောင်းတစ်လောင်းသာ ရှာဖွေတွေ့ရှိသေးတယ်လို့ဆိုပါတယ်။  

ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းက လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာက ကိုမောင်မျိုး ဆိုသူဖြစ်ပါတယ်။

ဒီမြေစာပုံပြိုကျရတဲ့အကြောင်းအရင်းကို ဒေသခံတစ်ဦးပြောပြတာက “ မြေစာပုံအောက်မှာ လုပ်ကွက်ကျင်းဟောင်းရှိတယ်လေ  အဲ့ကျင်းဟောင်းပေါ်မှာ မြေစာသွန်ရင်းနဲ့ မြေစာသွန်တဲ့ကားကနားသွားပြီ မနက် ၄ နာရီ ၁၅ မှာ အဲ့ခါမှာအေးဆေးရှာကြပြီးတော့ မြေစာပုံကပျက်ပြီးမှ ပြိုသွားတာ” လို့ ပြောကြားခဲ့ပါတယ်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံနှင့်မနကျေးရွာအနောက််ဘက်က လုပ်ကွက်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့က  မြေစာပုံပြိုကျမှုကြောင့် လူ ၃၀ နီးပါး ပျောက်ဆုံးသွားကြောင်း သိရပါတယ်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...