မွန်ပြည်နယ် NLD ခေါင်းဆောင် နှစ်ဦး အိမ်ကို ချိပ်ပိတ်

မွန်ပြည်နယ် NLD ခေါင်းဆောင် နှစ်ဦး အိမ်ကို ချိပ်ပိတ်

မွန်ပြည်နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD  လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ NLD  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနှင့် ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်ရှိ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်တို့၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

“ချိတ်ပိတ်ခံရတဲ့ အိမ်မှာ လူမရှိကြဘူး။ အာဏာသိမ်းကတည်းက မနေကြတော့ဘူး၊ အဲအိမ်ကို မနေ့ (ဒီဇင်ဘာ ၂၂) က နိုင်ငံတော်ပိုင်ဆိုပြီး လာချိပ်ပိတ်သွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

တိမ်းရှောင်ထွက်ပြေးနေရသည့် ဦးဇော်ဇော်ထူးနှင့် ဒေါက်တာခင်ဆောင်တို့၏ နေအိမ်များကို စစ်ကောင်စီ တပ်ဖွဲ့ ဝင်များအပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်နေ့ မွန်းလွှဲပိုင်းအချိန်တွင် လာရောက် ချိပ် ပိတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနှင့် ဒေါက်တာခင်ဆောင်တို့ကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက် စပ်သည်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့၏ နေအိမ်များကို ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။

ဒေါက်တာခင်ဆောင်သည် မွန်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ NLD လွှတ်တော်ကိုယ်စားလှယ် အချို့တို့နှင့်အတူ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနှင့် ဒေါက်တာခင်ဆောင်တို့နှစ်ဦးလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနှင့် ဒေါက်တာခင်ဆောင်တို့သည် စစ်တပ်က အာဏာသိမ်းပြီးကတည်း တိမ်းရှောင်နေကြရသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

မွန်ပြည်နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနှင့် ဒေါက်တာ ခင်ဆောင်တို့ နေအိမ် ချိပ်ပိတ်ခံရသည့် ဖြစ်စဥ်သည် ပထမဆုံးဖြစ်သည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...