ဖယ်ခုံမြို့နယ် စစ်ရှောင်ကလေးများအတွက် စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမ လိုအပ်

ဖယ်ခုံမြို့နယ် စစ်ရှောင်ကလေးများအတွက် စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမ လိုအပ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိသည့် စစ်ရှောင်ကလေးများကို စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ (၇၀၀)ကျော် ထွက်ပြေး တိမ်းရှောင်ကြရပြီး ကလေးများအတွက် ပညာရေးလိုအပ်လာကြောင်း သိရသည်။

“ကလေးတွေအတွက် ဆရာ၊ ဆရာမတွေ လိုအပ်နေပါတယ်။ အခုတော့ တတ်နိုင်သလောက် ဆရာတွေနဲ့ ကလေးတွေကို စာသင်ပေးနေတာရှိတယ်။ ဆရာမတွေ လုံလောက်မှုမရှိတော့ စာကောင်းကောင်းမသင်ပေးနိုင်ဘူး” ဟု ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင်များကို ကူညီပေးနေသည့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်နေသောကလေးများအတွက် အချိန်အလကား မဖြစ်စေရန်နှင့် စာမသင်ရပါက ကလေးငယ်များ အနာဂတ်ပျောက်သွားနိုင်သောကြောင့် စာသင်ပေးရန်အတွက် ဆရာ၊ ဆရာမများ လိုအပ်နေကြောင်း သိရသည်။

“ကလေးတွေ စာမသင်ရရင် နောက်ကျရင် စာမတတ်တာတွေ ဖြစ်တော့မယ်။ ပြီးတော့ သူတို့အနာဂတ်တွေ ပျောက်သွားနိုင်တယ်။ တချို့ဆို လမ်းကြောင်းမှားပြီး မူးယစ်ဆေးဝါးသွားသုံးမှာစိုးရိမ်ရတယ်လေ။ ဒါကြောင့် စာသင်ပေးနိုင်ဖို့ ဆရာမတွေ လိုအပ်နေတာ” ဟု ၎င်းက ပြောသည်။

လက်ရှိ ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင်များ (၇၀၀)ကျော် ရှိပြီး ကလေးသူငယ် (၃၀၀)ကျော်ရှိနေကြောင်း၊ ထိုကလေးများကို စာသင်ပေးနေသည့် ဆရာ၊ ဆရာမ ဝန်ထမ်း (၆)ဦးသာ ရှိနေကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...