ရန်ကုန်လေဆိပ်အဝင် ဗုံးပေါက်ကွဲ၊ ဗုံးခွဲသည်ဟု သံသယ ရှိသူ ပစ်သတ်ခံရ

ရန်ကုန်လေဆိပ်အဝင် ဗုံးပေါက်ကွဲ၊ ဗုံးခွဲသည်ဟု သံသယ ရှိသူ ပစ်သတ်ခံရ

ရန်ကုန်လေဆိပ်အဝင် ဆယ်မိုင်ကုန်းထိပ်အနီးရှိ လုံခြုံရေးကင်းစခန်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်လေဆိပ်ဝန်ထမ်းများက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုံးလာပစ်သူဟု စစ်တပ်ကစွပ်စွဲသည့် ဆိုင်ကယ်နောက်သို့ စစ်ကားဖြင့် လိုက် လံ ပစ်ခတ်သဖြင့် သေဆုံးသွားသည်ဟု ရန်ကုန်လေဆိပ်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“လေဆိပ်မှာ ပေါက်တာ မဟုတ်ဘူး။ လေဆိပ်ကိုဝင်တဲ့ လမ်းမှာဖြစ်တာ။ သေနတ်သံတွေလည်း ကြားတယ်။ လာပစ်တဲ့ သူကိုတော့အသေ ဖမ်းမိတယ်ကြားတယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက နောက်မှလိုက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဗုံးလာပစ်သူဟု စွပ်စွဲခံရသည့် အမျိုးသားမှာ သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၇ နာရီခွဲဝန်းကျင်က လေဆိပ်အဝင် လုံခြုံရေးကင်းစခန်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်ဟု ရန်ကုန်လေဆိပ်ဝန်ထမ်းများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိ မရှိကို မသိရသေးဘဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် လေဆိပ်လမ်း ကား အဝင်အထွက်ကို ခေတ္တပိတ်ထားခဲ့သည်ဟု လေဆိပ်ရှိ အငှားယာဉ်မောင်း တစ်ဦး က ဆိုသည်။

July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...
July 30, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရေကြီးမှု နောက် ဆက်တွဲ ငှက်ဖျားရောဂါ ဖြစ်ပွားမှု...