ကချင်ပြည်နယ်လုံးဆိုင်ရာရှမ်းရှေ့နေအသင်းနှင့်အမျိုးသမီးများအသင်းဖွဲ့စည်းရေးပြင်ဆင်နေ

ကချင်ပြည်နယ်လုံးဆိုင်ရာရှမ်းရှေ့နေအသင်းနှင့်အမျိုးသမီးများအသင်းဖွဲ့စည်းရေးပြင်ဆင်နေ

ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းတိုင်းရင်းသားရှေ့နေ့အသင်း နှင့် ရှမ်းအမျိုးသမီးများအသင်းကို ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြောင်း သိရသည်။

ထိုသဘောတူညီမှုက ဒီဇင်ဘာ (၁၈) ရက်နေ့ က ပြုလုပ်ခဲ့သည့်  ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်စုများ စာပေ နှင့်ယဉ်ကျေးမှု (တတိယ) အကြိမ်သက်တမ်း ပြည်နယ်အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင်  သဘောတူညီခဲ့ခြင်းဖြစ်သည်။

“ ဖွဲ့တော့မဖွဲ့ဖြစ်လိုက်သေးဘူး ၊ဖွဲ့ဖို့သဘောတူလိုက်ပြီ ။ လူတွေပြန်ရှာပြီးမှ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းအမျိုးသားရှေ့နေတွကို စုစည်းပြီးတော့ အဆင်ပြေတဲ့နေ့တစ်နေ့ ရွေးပြီးဖွဲ့စည်းဖို့ လုပ်ထားတယ်ဗျ “ ဟု တက်ရောက်ခဲ့သည့် ရှေ့နေတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

ကချင်ပြည်နယ်အတွင်းတွင်  ရှမ်းတိုင်းရင်းသားများ  ဥပဒေနဲ့ ပတ်သက်တဲ့အသိပညာရှိလာစေရေး နှင့် အမျိုးသမီးအကြမ်းဖက်မှုတွေကြုံတွေ့နေရတာတွေကို အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ကချင်ပြည်နယ်လုံးဆိုင်ရာ  ရှမ်းမျိုးနွယ်စု စာ/ယဉ် ဥက္ကဌ ဦးစောနွဲ့ကြံအောင်က ပြောဆိုသည်။

ထိုအသင်းအဖွဲ့နှစ်ခုစလုံးကို ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်စု စာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ လက်အောက်ကနေ ဖွဲ့စည်းသွားမယ်လို့လည်း ဦးစောနွဲ့ကြံအောင်က ပြောကြားသည်။

တက်ရောက်ခဲ့တဲ့ ရှမ်းရှေ့နေများ၏  ပြောဆိုမှုအရ ထိုအသင်းများ၏  ဖွဲ့စည်းမည့် ပုံစံ ၊ အသင်းရဲ့ ရည်ရွယ်ချက် ၊ ဦးတည်ချက်တွေကို ရေးဆွဲနိုင်ဖို့အတွက် လာမယ့် အစည်းအဝေးမှသာပြုလုပ်နိုင်မှာကြောင်းသိရသည်။

ရှမ်းအမျိုးသမီးများအဖွဲ့ကို ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းမျိုးနွယ်စု (၅)စုမှ ကိုယ်စားလှယ်များနှင့် အချိုးကျပါဝင်လှုပ်ဆောင်နိုင်အောင်  စီစဉ်ထားကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...