မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား စစ်ရေးတင်းမာ

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား စစ်ရေးတင်းမာ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ CDF-Mindat ၊ ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိ်ုက်ပွဲထပ်မံဖြစ်ပွားပြီး နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတယ်လို့ CDF-Mindat က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်း ၁ နာရီလောက်က မင်းတပ်မြို့နယ် မယ်လယ်ကုန်းရွာအနီးမှာ စစ်ကြောင်းထိုးလာ တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းမိရာကနေ CDF-Mindat/ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ CDF-Mindat/ ယော PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်ကတော့ ဒဏ်ရာရတဲ့ သူတွေရှိတယ်လို့ CDF-Mindat ကထုတ်ပြန်ပါတယ်။

အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မကွေးတိုင်း ကျောက်ထုမြို့ကနေ စစ်ကူတက်လာပြီး မယ်လယ် ကုန်းရွာမှာ ရောက်ရှိနေတယ်လို့လည်းသိရပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ CDF-Mindat/ယော PDF ပူးပေါင်း တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မင်းတပ်မြို့နယ် နှောကျေးရွာကနေ လယ်ဆောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို CDF-Mindat နဲ့ ယော PDF ပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ CDF-Mindat ထုတ်ပြန်ပါတယ်။

ကလေးမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ / CJ - ပုံဟောင်း
September 21, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်၌ နာရေးမဏ္ဍပ် ဆောက်လုပ်ပေးနေသည့် ချင်းလူငယ် ၂ ဦးကို...
September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...