မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား စစ်ရေးတင်းမာ

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား စစ်ရေးတင်းမာ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ CDF-Mindat ၊ ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိ်ုက်ပွဲထပ်မံဖြစ်ပွားပြီး နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတယ်လို့ CDF-Mindat က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်း ၁ နာရီလောက်က မင်းတပ်မြို့နယ် မယ်လယ်ကုန်းရွာအနီးမှာ စစ်ကြောင်းထိုးလာ တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းမိရာကနေ CDF-Mindat/ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ CDF-Mindat/ ယော PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်ကတော့ ဒဏ်ရာရတဲ့ သူတွေရှိတယ်လို့ CDF-Mindat ကထုတ်ပြန်ပါတယ်။

အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မကွေးတိုင်း ကျောက်ထုမြို့ကနေ စစ်ကူတက်လာပြီး မယ်လယ် ကုန်းရွာမှာ ရောက်ရှိနေတယ်လို့လည်းသိရပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ CDF-Mindat/ယော PDF ပူးပေါင်း တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မင်းတပ်မြို့နယ် နှောကျေးရွာကနေ လယ်ဆောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို CDF-Mindat နဲ့ ယော PDF ပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ CDF-Mindat ထုတ်ပြန်ပါတယ်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...