ကျေးသီးမြို့နယ် လူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိ

ကျေးသီးမြို့နယ် လူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် အသက် (၁၅)နှစ်အရွယ် ယောက်ျားလေးတစ်ဦး ခြံသွားရင်း မြေမြုပ်မိုင်း နင်းမိကြောင်း စုံစမ်းသိရှိရသည်။

ကျေးသီးမြို့နယ် ဝမ်ခုန့်ကျေးရွာအုပ်စု ကောင်းမူးကျေးရွာမှာ ဒီဇင်ဘာ ၁၃ ရက် မနက် ၈ နာရီခွဲတွင် ပြောင်းခြံအသွား မြေမြုပ်မိုင်းနင်းမိခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးသီးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြောင်းခြံမှာ ရှိထားတဲ့ သူ့မိဘတွေဆီသွားရင်း မြေမြုပ်မိုင်းနင်းမိတာ။ ဒဏ်ရာကတော့ ပြင်းထန်တယ်။ ကျောပြင်၊ ခြေထောက်၊ လည်ပင်းတွေမှာလည်း ထိတယ်လို့ ကြားရတယ်။ ကျေးသီးပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်” ဟု ကျေးသီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လုံးဝီး ပါဆောင် တို့၏ သားဖြစ်သည့် စိုင်းပန်းစိုင် အသက် (၁၅)နှစ်အရွယ်သည် လက်ရှိမှာ ကျေးသီးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၄)ရက်တွင်လည်း ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာအုပ်စု ကုန်းကော်ကျေးရွာ ဒေသခံ တစ်ဦး ခြံသွားစဉ် မြေမြုပ်မိုင်း နင်းမိကာ ခြေတချောင်းပြတ်ဒဏ်ရာရရှိခဲ့ပြီး ကျေးသီးပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ကျေးသီးမြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင် သျှမ်းတပ် (၂)တပ်တို့သည် ဇွန်လက စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...