TNLA ဆက်ကြေးကောက်မှုကြောင့် နမ့်ခမ်းမြို့မစျေး ပိတ်ထား

TNLA ဆက်ကြေးကောက်မှုကြောင့် နမ့်ခမ်းမြို့မစျေး ပိတ်ထား

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ (TNLA) တပ်ဖွဲ့မှ ဆက်ကြေးကောက်မှုကြောင့် နမ့်ခမ်းမြို့မဈေးကို (၅)ရက် ပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်း မြို့မဈေးကြီးအတွင်း (TNLA) လက်နက်ကိုင်တပ်ဖွဲ့မှ ဈေးဆိုင်များအား အတင်းအဓမ္မ ဆက်ကြေးကောက်ခံ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့်အတွက် ဒီဇင်ဘာ ၁၃ မှ ၁၇ ရက်နေ့အထိ ဈေးသူ/သားများက ဈေးပိတ်ထားမည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဈေးထဲကောက်တာက ပထမဆုံးပဲ။ ဈေးထဲမှာ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေ တစ်ခါမှ လာမကောက်ဖူး သေးဘူး။ သူတို့အဖွဲ့ပဲ ပထမဆုံး လာကောက်တာ။ ထိုဖူးသည် ငရုတ်သီးသည်တွေပါ မကျန် လာကောက်တယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

(TNLA) တပ်ဖွဲ့သည် နမ့်ခမ်းမြို့မဈေးအတွင်း ပထမဆုံး ဆက်ကြေးကောက်သည့် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး အနည်းဆုံး နှစ်သိန်းခွဲ ပေးဆောင်ရကြောင်း ဒေသခံက ပြောသည်။

“ဈေးထဲက တစ်နိုင်တစ်ပိုင် လုပ်နေကြတဲ့ သူတွေပဲ။ မကောက်သင့်ဘူးပေါ့နော်။ ဈေးထဲကဆိုင်အတွင်း တင်ထားတဲ့ ပစ္စည်းတွေလဲ (၁၀)သိန်းကျော် သိန်း (၂၀)လောက်ပဲရှိတယ်။ နှစ်သိန်းခွဲ အနည်းဆုံးပေးရတယ်။ (၄)သိန်း ပေးရတာတွေလည်းရှိတယ်” ဟု နမ့်ခမ်းဈေးသည် အမျိုးသား တစ်ဦးက ပြောသည်။

နိုင်ငံရေးရှုပ်ထွေးခြင်း၊ ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသည့်အတွက် ယခုလို ဈေးထဲ ဆပ်ကြေးမကောက်သင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဆက်ကြေးကောက်ခြင်းနှင့် ပတ်သက်ပြီး (TNLA) တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပေ။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...