လားရှိုးမြို့နယ်အတွင်း ပစ်ခတ်မှု ဖြစ်ပွား၊ နေအိမ်ထိခိုက်ပျက်စီးမှုရှိ

လားရှိုးမြို့နယ်အတွင်း ပစ်ခတ်မှု ဖြစ်ပွား၊ နေအိမ်ထိခိုက်ပျက်စီးမှုရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ရပ်ကွက် ၁၂ တွင် ဒီဇင်ဘာ ၁၁ရက် ညပိုင်းတွင် ပစ်ခတ်သံ များကြားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေနတ်ပစ်သံတွေရော၊ လက်နက်ကြီးသံတွေရော ကြားရတယ်၊ မိနစ် ၂၀ လောက်တော့ ကြာတယ်၊ ညအချိန်ကြီးဆိုတော့ ဘယ်သူနဲ့ ဘယ်သူပစ်မှန်း မသိရဘူး၊ ဒီမနက်တော့ အဲ့ဘက်က အဆောက်အဦးတွေ ထိခိုက်မှုရှိတယ်ဆိုတာ ကြားရတယ်” ဟု လားရှိုးမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ပစ်ခတ်သံများသည် မိနစ် ၂၀ ကျော်ခန့် ကြာသည်အထိ ကြားရပြီး မည်သည့်အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းကို မသိရကြောင်း သတင်းသိရသည်။

“အဲ့နားက တပ်လည်းရှိတယ်ဆိုတော့ တပ်ကို လာပစ်တာလည်း ဖြစ်နိုင်ပါတယ်၊ အမှတ် ၆၈ ခြေမြန်တပ်ရင်း ရှိတယ်လေ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ပစ်ခတ်သံများ မကြာခဏ ကြားနေရပြီး ပြည်သူ့ နေအိမ် ထိခိုက်ပျက်စီးမှုများလည်း ရှိနေကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...