ကျောက်မဲ မြို့နယ်ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲ

ကျောက်မဲ မြို့နယ်ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲ

ကျောက်မဲ မြို့နယ်ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲသျှမ်းမြောက် ကျောက်မဲမြို့ မြို့နယ်ပညာရေးမှူးရုံးအနီးတွင် ဒီဇင်ဘာ ၁၁ရက် မနက် ၁၁ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ထို မြို့နယ် ပညာရေးမှူးရုံးသည် ရပ်ကွက် ၇ မြောက်ကုန်းတွင် တည်ရှိပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် လမ်းသွားလမ်းလာများအား စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လက်လုပ်ဗုံးကွဲတာလို့ ပြောတယ်။ မြို့နယ် ပညာရေးမှူးရုံးနားမှာ ပေါက်ကွဲတာ။ ရုံးထဲပေါက်တာတော့ မဟုတ်ဘူး။ လူထိခိုက်တာလည်း မရှိဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ဗုံးပေါက်ကွဲပြီးနောက် ရပ်ကွက် ၆ သံလမ်းနှင့် နမ့်စောင်းငေါင်းချောင်းအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“သံလမ်းနားမှာ ပစ်ခတ်မှု ဖြစ်တယ်လို့တော့ ကြားမိတယ်။ ဗုံးပေါက်ပြီး နာရီဝက်ကျော်ကျော်လောက်မှာ ပစ်ခတ်မှုဖြစ်တာ။ ဘယ်သူတွေလည်းတော့ သေချာမသိဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင်လည်း ရပ်ကွက် ၈ ရှိ အထက ၁ ကျောင်းဝန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်ကူးစက်မှုများရှိနေသော်လည်း စစ်ကောင်စီက စာသင်ကျောင်းများကို ဖွင့်လှစ်ထားကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...