မိုင်းကိုင်မြို့နယ် တိုက်ပွဲပြန်ဖြစ် ဒေသခံတစ်ထောင်ကျော် ထွက်ပြေး

မိုင်းကိုင်မြို့နယ် တိုက်ပွဲပြန်ဖြစ် ဒေသခံတစ်ထောင်ကျော် ထွက်ပြေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ဟမ်းငိုင်းကျေးရွာအုပ်စုအနီး လက်နက်သံကြားရသဖြင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရသည့်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၈)ရက် မနက်ပိုင်းမှ စတင်ပြီး လက်နက်သံကြားရသဖြင့် ဟမ်းငိုင်းကျေးရွာအုပ်စု အနီး ကျေးရွာ (၄) ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို ထွက်ပြေးလာသည့် ကျေးရွာ (၄)ရွာမှာ ဖာလမ်းကျေးရွာ၊ ကုန်းခမ်းကျေးရွာ၊ ဝမ်ပိုက်နားမွန်းကျေးရွာ၊ ဝမ်ပန်နောင်နားဖောက် ကျေးရွာတို့ဖြစ်ပြီး အိမ်ခြေ (၄၀၀)ကျော် ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရှိရသည်။

“ထွက်ပြေးလာတဲ့ စစ်ရှောင်တွေ ဘာမှ မရလာဘူး။ ဆောင်းတွင်းဆိုတော့ အနွေးထည်တွေ စောင်တွေ လိုအပ်တယ်။ ဆေးဝါးပစ္စည်းတွေလည်း လိုအပ်တယ်။ နှာချေး ချောင်းဆိုးတဲ့သူတွေလည်း ရှိတယ်လို့ ကြားရတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦးက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် (၁၀၀၀)ကျော်တို့သည် ဟမ်းငိုင်းကျေးရွာအုပ်စု ဝမ်မိန်းဘုန်းကြီးကျောင်းမှာ လာရောက် စစ်ဘေးရှောင်နေကြကြောင်း သိရှိရသည်။

“အရင်ကထွက်ပြေးလာတဲ့ စစ်ရှောင်တွေလည်း ရှိသေးတယ်။ ခုလည်း (၁၀၀၀)ကျော် ထပ်ပြီး ထွက်ပြေးလာရပြီ။ ခုချိန်က ပြောင်းတွေ ရိတ်သိမ်းတဲ့အချိန်ဖြစ်တဲ့အတွက် ပြည်သူတွေကို ငဲ့ညှာပေးဖို့ တောင်းဆိုချင်တယ်” လို့ မိုင်းကိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသည့်တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုအတွင်း (၂)လ နီးပါးခန့် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၂၀၀)ကျော်လည်း နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...