တရုတ်နိုင်ငံ ပို့မည့် ဖရဲသီးများ အရှုံးပေါ် နေ

တရုတ်နိုင်ငံ ပို့မည့် ဖရဲသီးများ အရှုံးပေါ် နေ

တရုတ်ပြည်ဘက် တင်ပို့ရောင်းချမည့် ဖရဲသီးများသည် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅)မိုင်တွင် ရက်ကြာ စောင့်ဆိုင်းနေရသဖြင့် ဖရဲသီးများ ပုပ်သိုးပြီး အရှုံးပေါ်နေကြောင်း စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံဘက်မှ မူဝါဒ အမျိုးမျိုး ပြောင်းခြင်း၊ ဖရဲသီးဈေးကွက်ကို မသိရသေးသောကြောင့် လမ်းတွင် ကြာပြီး အသီးများ ပုပ်သိုးပျက်စီးသဖြင့် လွှင့်ပစ်နေရကြောင်း ကားသမား အမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။

“တရုတ်ဘက်က မူဝါဒ အမျိုးမျိုးပြောင်းနေတာ။ ပြီးတော့ ဈေးကွက်လည်း မသိရသေးဘူး။ အဲကြောင့် လမ်းမှာ ကြာနေတာ။ တချို့ဟာက ပုပ်သိုးပြီး ပျက်စီးသွားကုန်ပြီ။ အသီးက ရက်ကြာလာတော့ မခံနိုင်ဘူး” ဟု ကားသမားတဦးက ပြောသည်။

ထိုသို့ တရုတ်ပြည်ဘက်သို့ ကုန်ပို့ မရောင်းချနိုင်သောကြောင့် ဖရဲသီးကုန်သည်တချို့ ကုန်တင်ကားခအတွက်ပါ ဆုံးရှုံးနေရကြောင်း သိရသည်။

“ရှုံးတာပေါ့။ အများကြီးရှုံးတယ်။ ကားခတောင်ပြန်မရဘူး။ ကျနော်တို့ဆို ကားခ ၈ သိန်းလောက်ကုန်ခဲ့ပြီ။ အသီးလည်း ပုတ်သိုးသွားပြီ။ မူဆယ်အနီးတဝိုက်နား လိုက်ရောင်းလည်း မမြတ်ဘူးလေ။ အရင်းတောင် ပြန်မရတော့ဘူး” ဟု ဖရဲသီးကုန်သည်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံတွင်းသို့ မနက်ဖြန် ဒီဇင်ဘာ ၈ ရက်နေ့တွင် ကားများ ထပ်မံဝင်ရောက်နိုင်မည်ဟုလည်း သိရသည်။

တရုတ်နိုင်ငံဘက်မှ တင်သွင်းရန် စနစ်ကို ပြောင်းလဲနေကြောင်း၊ ကိုဗစ် ၁၉ ကြောင့် လမ်းတွင် ကြန့်ကြားနေကြောင်း မူဆယ် (၁၀၅)မိုင် သစ်သီးပွဲရုံ ဥက္ကဌ က ပြောသည်။

“တရုတ်ဘက်နေ သူတို့ဘက်ကို တင်သွင်းဖို့ စနစ် ပြောင်းလိုက်တာ။ ပြီးတော့ ကိုဗစ်ကြောင့်ဆိုပြီး ကြန့်ကြာနေတာ။ မနက်ဖြန်လောက်ဆိုရင်တော့ ကားတွေ ထပ်ဝင်ရတော့မယ်။ ပုပ်သိုးပျက်စီးနေတာလည်းရှိတယ်။ ဒါပေမဲ့ ငွေတန်ဖိုး ဘယ်လောက်ရှိမလဲ ကျနော်တို့ မတွက်ဆနိုင်သေးဘူး” ဟု သစ်သီးပွဲရုံ ဥက္ကဌက ပြောသည်။

လက်ရှိတွင် သစ်သီးများ ကားပေါ်တွင် ပုပ်သိုးနေသောကြောင့် ဆုံရှုံးမှု ငွေတန်ဖိုးကို မသိရှိနိုင်သေးကြောင်း သိရသည်။

မူဆယ်မြို့ (၁၀၅)မိုင်တွင် တရုတ်ဘက်သို့ တင်ပို့ရန်အတွက် ကား အစီး (၂၀၀)ခန့် စောင့်ဆိုင်နေလျက်ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...