ပင်လောင်းမြို့ ကိုဗစ်ထပ်မံဖြစ်ပွားမည်ကို ကျောင်းသားမိဘများ စိုးရိမ်နေ

ပင်လောင်းမြို့ ကိုဗစ်ထပ်မံဖြစ်ပွားမည်ကို ကျောင်းသားမိဘများ စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ပေါ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ တွေ့ရှိမှု မရှိတော့ပေမယ့် ကျောင်းတက်နေသည့် ကျောင်းသားများအတွက် မိဘများက စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

လက်ရှိမှာတော့ ပင်လောင်းမြို့ပေါ်တွင် ကိုဗစ် – ၁၉ လူနာ မရှိသော်လည်း ကျေးရွာဘက်တွင် နေမကောင်းသည့် သူများ ရှိသေးကြောင်း၊ ထိုကျေးရွာဘက်မှ ကျောင်းသားများသည် ပင်လောင်းမြို့ပေါ်သို့ ကျောင်းလာတက်သဖြင့် ကျောင်းသားမိဘများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမြို့ပေါ်က ကိုဗစ်မရှိတော့ဘူး။ ဒါပေမယ့် ကျောင်းက ဖွင့်နေတော့ ကျေးရွာဘက်က အထက်တန်းကျောင်းသား တချို့ မြို့ပေါ်လာတက်တာရှိတယ်။ တချို့ကလေးလည်း ကာကွယ်ဆေး ထိုးပြီးကြပြီ။ ဒါပေမယ့် ပိုးတွေ့လူနာ ထပ်တွေ့လာမှာကိုတော့ စိုးရိမ်တာပေါ့” ဟု ပင်လောင်းမြို့ ဒေသခံတဦးက ပြောသည်။

လက်ရှိ ပင်လောင်းမြို့ပေါ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာများ မရှိတော့သည့်အပြင် ဆေးရုံတွင် ဆေးကုသနေသူများလည်း မရှိတော့ကြောင်း ပရဟိတ အဖွဲ့ဝင်များက ပြောသည်။

“ပိုးတွေ့လူနာတော့ မရှိတော့ဘူး။ ဆေးရုံမှာလည်း ဆေးကုသနေတဲ့သူ မရှိတော့ဘူး။ အကုန်လုံး ပြန်ကောင်းသွားပါပြီ။ ကျောင်းတော့ ဆက်လက်ဖွင့်နေပါသေးတယ်။ ကျောင်းတက်နေတဲ့သူလည်း များပါတယ်” ဟု ပင်လောင်းမြို့ ပရဟိတ အဖွဲ့တင်တဦးက ပြောသည်။

ပင်လောင်းမြို့ပေါ်တွင် ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး ကျောင်းများ ပြန်လည်တက်ရောက်နေလျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့တွင် နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ လော့ဒေါင်းပိတ်ခဲ့ပြီးနောက်ပိုင်း ပိုးတွေ့လူနာ ပပျောက်သွားကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...