မောက်မယ်က ပန်းတမော့လက်မှုလုပ်ကိုင်သူ စီးပွားရေးခက်ခဲလာ

မောက်မယ်က ပန်းတမော့လက်မှုလုပ်ကိုင်သူ စီးပွားရေးခက်ခဲလာ

သျှမ်းတောင် မောက်မယ်မြို့နယ်အတွင်း ရှိ ဘုရားဆင်းတုတော်များ ထုဆစ်သည့် ပန်းတမော့ လက်မှုလုပ်ကိုင်သူများ စီးပွားရေးခက်ခဲလာကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိမှာ ပန်းတမော့လုပ်ငန်းသည် ကိုဗစ်နှင့်စစ်အာဏာသိမ်းမှုကြောင့် ဘုးရားဆင်းတုတော်၊ ပုံတူရုပ်ထု ရောင်းဝယ်ရေးခက်ခဲကာ စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရကြောင်း ထိုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ရောင်းဝယ်ရေး အဆင်မပြေတာပါ။ အရင်နှစ်က မှာတဲ့ဟာတွေ လုပ်ပြီးပြီ၊ ပို့လို့မရတာ။ ပြီးခဲ့တဲ့လက ကိုဗစ်တွေ့တာ များတော့ ဘယ်သူမှ အပြင်မထွက်ရဲဘူး။ နိုင်ငံရေးလည်း မကောင်းဘူး။ သွားဖို့ လာဖို့ မလွယ်ဘူး၊ နေ့တိုင်း စားသောက်ဖို့ကို ရုန်းကန်နေရတယ်” ဟု ထိုလုပ်ငန်း လုပ်ကိုင်နေသူ စိုင်းလုံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မောက်မယ်မြို့နယ်တွင် ဘုရားဆင်းတုတော် ထုဆစ်သည့် ပန်းတမော့လက်မှုလုပ်ငန်းကို ယခင်က လုပ်ကိုင်သူ ၃ အိမ်ခန့် ရှိခဲ့သော်လည်း လက်ရှိတွင် ထိုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည့်အိမ် တစ်အိမ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ လက်မှုလုပ်ငန်းအား လာရောက်လေ့လာသင်ယူသူ မရှိသည့်အတွက် ပျောက်ကွယ်လုနီးပါး ကြုံနေရတာဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

“ဒီလုပ်ငန်းက ဝင်ငွေအများကြီး မရဘူး။ လွယ်လွယ်နဲ့လည်း မတတ်ဘူး။ အရမ်းကို စိတ်ဝင်စားပြီး လေ့လာမှ ရတာ။ ခုခေတ် လူငယ်တွေက စိတ်မဝင်စားတော့ဘူး။ ဒီနေ့ထိ လုပ်နေတာလဲ ကျနော်တို့ မိသားစုပဲ ကျန်တော့တယ်။ ဒီလုပ်ငန်း မပျောက်ကွယ်အောင်တော့ ဆက်ပြီး လုပ်သွားမယ်။ ကုန်စျေးနှုန်းကတက် အရောင်းအဝယ်က မဖြစ်တော့ ရှေ့ဆက်လုပ်ကိုင်ဖို့ လွယ်တော့ မလွယ်ဘူး။” ဟု စိုင်းလုံ က ပြောသည်။

မောက်မယ်မြို့နယ်တွင် ဂေါ်ဒန်ကျောက်ဖြင့် ထုဆစ် ရောင်းချသည့် ဘုရားဆင်းတုတော်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်များအား တောင်ကြီး၊ လင်းခေး၊ လဲချား၊ မိုင်းကိုင်တို့မှ အများဆုံး မှာယူတာဖြစ်ပြီး အခြားမြို့နယ်များမှ မှာယူတာလဲ ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...