ဟိုပုံးမြို့ကျောင်းသားများထံမှ ကိုဗစ် – ၁၉ တွေ့ရှိသော်လည်း ကျောင်းဆက်တက်

ဟိုပုံးမြို့ကျောင်းသားများထံမှ ကိုဗစ် – ၁၉ တွေ့ရှိသော်လည်း ကျောင်းဆက်တက်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ ရှိ အထက်တန်းကျောင်းမှ ကျောင်းသားများထံတွင် ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်တွေ့ရှိသော်လည်း ကျောင်းဆက်တက်နေကြရကြောင်း သိရသည်။

“ဟုတ်တယ်။ အ.ထ.က ၁ မှာက (၃)ယောက်လောက် တွေ့ထားတယ်။ ထ (၂)ကျောင်းမှာက ၁ ယောက် တွေ့ထားတယ်။ ကျောင်းတွေလည်း သွားတက်နေကြသေးတယ်။ မပိတ်ဘူး“ ဟု ဟိုပုံးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ ပြောပါတယ်။

စာသင်ကျောင်များ ဆက်လက်ဖွင့်ထားသည့်အပြင် ကျောင်းအပ်ရန်ကျန်ရှိနေသူများကိုလည်း ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ နောက်ဆုံးထားပြီး ကျောင်းအပ်ရန် ကြေညာထားကြောင်း သိရသည်။

“ကျောင်းက ဖွင့်နေသေးတယ်။ ကျောင်းသွားတဲ့ကလေးတွေလည်း အများကြီး ရှိနေသေးတယ်။ ပြီးတော့ ကျောင်းအပ်တွေကိုလည်း လာမယ့် စနေနေ့မှာ နောက်ဆုံးထားပြီး အပ်ဖို့ ကြေညာထားတယ်။ ပိုးတွေ့နေတဲ့ကြားက ကျောင်းသွားအပ်သူတွေလည်း ရှိနေသေးတယ်” ဟု ဟိုပုံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သို့ရာတွင် ကျောင်းသားများထံတွင် ကိုဗစ် – ၁၉ ပိုး တွေ့ရှိခဲ့ရသဖြင့် ရောဂါပိုးကူးစက် ပြန့်ပွားလာမှာကို ဒေသခံများ စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“ကျောင်းသားတွေနား ပိုးတွေ့တာဆိုတော့ ပိုးကူးသူ ပိုများလာမှာ ကြောက်တယ်။ များလာရင် ကျမတို့ စားဝတ်နေရေး အတွက်လည်း ခက်ခဲလာမယ်။ လော့ဒေါင်းထပ်ချလာရင် ကျမတို့ ဈေး ဝယ်ရောင်းရတာလည်း ခက်ခဲလာနိုင်တယ်” ဟု ဟိုပုံးမြို့ ဈေးသည်တစ်ဦးက ပြောသည်။

ဟိုပုံးမြို့တွင် CDM ကျောင်းဆရာမများနေရာတွင်လည်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတချို့က ငွေပေးပြီး နေရာအစားထိုးယူနေလျက်ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...