ကျောက်မဲ စစ်ရှောင် ၇၀၀ ခန့် အနွေးထည်နှင့်စောင်များလိုအပ်

ကျောက်မဲ စစ်ရှောင် ၇၀၀ ခန့် အနွေးထည်နှင့်စောင်များလိုအပ်

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် လတ်တလော ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင် (၇၀၀) ခန့်အတွက် အနွေးထည် နှင့်စောင် လိုအပ်နေကြောင်း သတင်းရရှိသည်။

 တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် စစ်ဘေးရှောင်များ ကျောက်မဲမြို့နယ်တွင် ထောင်ချီရှိခဲ့ပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးကာ စားနပ်ရိက္ခာများ လိုအပ်နေခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

“ခုက ဆောင်းဝင်ပြီ၊ အရမ်းလည်း အေးလာပြီဆိုတော့ အနွေးထည်တွေ အဓိက လိုတယ်၊ ပြီးတော့ နေ့တိုင်း စားသောက်နေရတဲ့ အစားအသောက်တွေပေါ့ အဲ့တာတွေလိုတယ်” ဟု မိုင်းတင်းကျေးရွာအုပ်စုမှ စစ်ရှောင်များကို ကူညီနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင် ၁၀၀၀ ကျော် ကျန်ရှိနေဆဲဖြစ်ပြီး မြို့ပေါ် အိမ်ငှားနေထိုင်သည့် စစ်ရှောင်များလည်း ၇၀၀ ထက် မနည်း ရှိနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှု ငြိမ်သွားသည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက မန်ခါ စစ်ရှောင်စခန်းမှ နေရပ်ပြန်သွားသည့်သူများ ရှိကြောင်း သိရသည်။

“လွယ်ကုန်ဒေသခံတွေပါ၊ ပြီးခဲ့တဲ့ အပတ်က ၄၀ ကျော်လောက်ပြန်သွားတယ်၊ ပြီးတော့ ဒီ တစ်ရက် နှစ်ရက် ပြန်မယ့်သူလည်း ရှိတယ်၊ ဒါပေမယ့် စခန်းမှာတော့ ၁၀၀ ဝန်းကျင်လောက် ကျန်သေးတယ်၊ အစားအသောက်တွေ အရမ်းကို နည်းနေပြီ” ဟု စစ်ရှောင်ကူညီသူ က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် လွန်ခဲ့သည့် ၆ လကျော် ဝန်းကျင်ကတည်းက ကျောက်မဲမြို့ပေါ် အပြင် မိုင်းငေါ့စစ်ရှောင်စခန်းများတွင် စစ်ရှောင်ထွက်ပြေးခိုလှုံခဲ့သူများလည်းရှိပြီး ယနေ့အချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...