ဟိုပုံးမြို့ CDM ကျောင်းပညာရေးဝန်ထမ်းနေရာ နယ်ဝေးမှ လာရောက်အစားထိုး

ဟိုပုံးမြို့ CDM ကျောင်းပညာရေးဝန်ထမ်းနေရာ နယ်ဝေးမှ လာရောက်အစားထိုး

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ တွင် CDM လုပ်ဆောင်ထားသည့် ကျောင်းပညာရေးဝန်ထမ်း နေရာများကို နယ်ဝေးမှ အစားထိုး ဝင်ရောက်လာကြောင်း စုံစမ်းသိရသည်။

လက်ရှိမှာ ဟိုပုံးမြို့ရှိ အ.မ.က (၆)နှင့် မူလွန်ကျောင်းမှ CDM ကျောင်းပညာရေးဝန်ထမ်းနေရာကို အစားထိုးဝင်လာလျက်ရှိကြောင်း ဟိုပုံးမြို့ CDM ဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။

“သူတို့ အဝေးကနေလာကြတာဖြစ်တယ်။ တချို့က ဒီမြို့ဇာတိခံ၊ တာဝန်က အဝေးမှာကျနေတော့ ပိုက်ဆံပေးပြီးတော့ မြို့ထဲ ပြောင်းဝင်လာကြတာ။ အမှတ် (၆)ကျောင်းနဲ့ မူလွန်ကျောင်းတွေမှာတော့ ဝင်လာနေပါတယ်။ ပိုက်ဆံပေးပြီးတော့ဘဲ ဝင်လာကြရတာ။ ဘယ်လောက်ပေးရလဲတော့ ကျမတို့လည်း အတိအကျ မသိရသေးဘူး” ဟု ဟိုပုံးမြို့ CDM ဆရာမ တစ်ဦးက ပြောသည်။

ထို့အပြင် အထက်တန်းကျောင်းများတွင်လည်း ဝင်လာမည့် ဆရာမများ ရှိနေကြောင်း သိရသည်။

“အထက်တန်းကျောင်းတွေလည်း ဝင်လာဖို့ ရှိနေတယ်လို့ ကြားတယ်။ အထက်တန်းကျောင်းဆိုတော့ သူတို့ အများကြီး တောင်းလို့ ထင်တယ်။ များများပေးနိုင်တဲ့သူတွေကတော့ ဝင်ရောက် သင်လို့ရတာပေါ့။ အခုတော့ ဝင်လာတဲ့သူတွေ မရှိဘူး။” ဟု အထက်ပါ ဆရာမ က ပြောသည်။



ဟိုပုံးမြို့တွင် အထက်တန်းကျောင်း (၂)ကျောင်း၊ အ.မ.က (၂)၊ (၅)၊ (၆)နှင့် ရန်ကင်းကျောင်း၊ မူလွန်ကျောင်း စသည့် ကျောင်း (၇)ကျောင်းရှိကြောင်း သိရသည်။

ဟိုပုံးမြို့တွင် ယနေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့သူများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...