၄ လခန့်ကြာ ပိတ်ထားတဲ့ နောင်ချိုစျေး ခုရက်ပိုင်း ပြန်ဖွင့်မည်

၄ လခန့်ကြာ ပိတ်ထားတဲ့ နောင်ချိုစျေး ခုရက်ပိုင်း ပြန်ဖွင့်မည်

သျှမ်းမြောက် နောင်ချိုမြို့နယ်အတွင်းရှိ စျေးများ လာမည့် ဒီဇင်ဘာလ (၃)ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းသိရသည်။

၄လ ကြာပိတ်ထားသည့် နောင်ချို့မြို့နယ် အတွင်းရှိ စျေးများ ပြန်ဖွင့်မှာ ဖြစ်ပြီး၊ ပြန်ဖွင့်ချိန်တွင် လာရောက်ရောင်းချမည့် စျေးသည်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းအတိုင်းသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“စျေးရောင်းမယ့်သူတွေက ကိုဗစ် ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသားဖြစ်ရမယ်၊ ဆိုင်ရှင် ၁ ဦးနဲ့ လုပ်သား ၁ ဦးပဲ စောင့်ရမယ်၊ ပြီးတော့ သတ်မှတ်ထားတဲ့ နေရာမှာပဲ ရောင်းရမယ်၊ ကြိုးတားတာ၊ စည်းတားတာတွေ လုပ်ထားရမယ်၊ အရေးကြီးဆုံးက Mask တပ်ထားရမယ်” ဟု သဖန်းကိုင်း လူမှုကူညီရေးအသင်း ဥက္ကဌ ရှိုင်းဇာနည်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့မစျေး အပြင် ကံကြီး၊ ကောင်းခမ်းရှိ ကျေးလက်စျေးများကိုလည်း စျေးနေ့အတိုင်း အလှည့်ကျ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်ကို ပြီးခဲ့သည့် နိုဝင်ဘာ (၂၅)ရက်နေ့မှ စပြီး Stay at Home မြို့နယ်အဖြစ်မှ ပယ်ဖျက်ခဲ့တာဖြစ်ပြီး Stay at Home ပယ်ဖျက်ပြီးနောက် ဒေသခံများ ကိုဗစ်စည်းကမ်းလိုက်နာမှု ပေါ့လျော့လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ခုက ကိုဗစ်လုံးဝပျောက်သွားတာမဟုတ်ဘူး၊ တစ်ချို့က Mask တွေတောင် မတပ်တော့ဘူး၊ အဲ့လို မဖြစ်စေချင်ဘူး၊ ခု စျေးပြန်ဖွင့်မယ်ဆိုတော့ ကိုဗစ်ကို ပိုပြီး သတိထားရတော့မယ်၊ ပေါ့ပေါ့ဆဆ မနေသင့်ဘူး” ဟု နောင်ချိုဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် နောင်ချိုမြို့နယ်အတွင်းရှိ စာသင်ကျောင်းများကိုလည်း ဒီဇင်ဘာ (၁)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ချိုမြို့နယ်တွင် နိုဝင်ဘာ ၃၀ ရက်နေ့ အထိ ကိုဗစ် ကူးစက်ခံရသူ (၄၄၄၁)ဦး၊ သေဆုံးသူ (၆၁)ဦးနှင့် ကုသဆဲ အတည်ပြုလူနာ (၅၅)ဦး ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...