မသန်စွမ်းသူများ အွန်လိုင်းမှ ကိုဗစ်-၁၉ အတွေ့အကြုံ ဖလှယ်မည်

မသန်စွမ်းသူများ အွန်လိုင်းမှ ကိုဗစ်-၁၉ အတွေ့အကြုံ ဖလှယ်မည်

ကချင်ပြည်နယ်မှ မသန်စွမ်းသူများက ဒီဇင်ဘာ ၃ ရက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် ကိုဗစ်-၁၉ ကာလအတွင်း ဖြတ်ကျော်ခဲ့ကြပုံ အတွေ့အကြုံများကို အွန်လိုင်းပေါ်မှ အချင်းချင်း ဖလှယ်သွားကြမည်ဟု မြစ်ကြီးနားမြို့ မျက်မမြင် ကျောင်းအုပ်က ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု ပြန်လည်များပြားလာသည့်အတွက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဗန်းမော်၊ မိုးညှင်းနှင့် မြစ် ကြီးနားခရိုင်များမှ မသန်စွမ်းသူများက Online ကနေသာ ပြုလုပ်သွားမည်ဟု ကျောင်းအုပ်ကြီး ဦးလမုန်ဂမ်ဖန်က ပြောသည်။

"အကယ်၍ အလှုရှင်တွေ ထောက်ပံ့ပေးမယ့် သူ  တွေရှိရင် သူတို့ပေးမယ့် လက်ဆေးရည်၊ Mask တွေကို မသန်စွမ်းတွေကိုဝေပေးဖို့နဲ့ သူတို့ရဲ့ ကိုဗစ်ကာလမှာ ဘယ်လို ဖြတ်ကျော်ကြသလဲဆိုတဲ့ ရင်တွင်းဖြစ် စကားလေးတွေ ရှိမယ်ဆိုရင်လည်း မသန်စွမ်းသူများနေ့မှာ ဂုဏ်ပြုသောအားဖြင့် လုပ်ဆောင်နေတဲ့ အရာနဲ့ခံစားနေရတဲ့အရာတွေကို တစ်ယောက်နဲ့တစ်ယောက် ဖလှယ် ကြဖို့ ရှိပါတယ်" ဟု ပြောသည်။

ယခုနှစ်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ပူတာအိုမြို့မှ မသန်စွမ်းသူများက အင် တာနက် ဖုန်းလိုင်းများ အဆင်မပြေသည့်အတွက် ပါဝင်နိုင်မည်မဟုတ်ဟု သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ အမြင်အာရုံ မသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများ၊ တစ်ခုထက်ပိုတဲ့ မသန်စွမ်းသူများမှ ကိုဗစ်-၁၉ ကာလ အတွင်း မိမိအတွေ့အကြုံများကို ဝေငှပေးမည်ဖြစ်ပြီး ဉာဏ်ရည်မသန်စွမ်းသူများမှာမူ ပါဝင်နိုင်မည်မဟုတ်ဟု ဦးလမုန်ဂမ် ဖန် က ပြောသည်။

July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...
July 30, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရေကြီးမှု နောက် ဆက်တွဲ ငှက်ဖျားရောဂါ ဖြစ်ပွားမှု...