ကန်ကြီးထောင့်တွင် အုပ်ကြီးများနှင့် ပျူစောထီးများကို စစ်သင်တန်းပေး

ကန်ကြီးထောင့်တွင် အုပ်ကြီးများနှင့် ပျူစောထီးများကို စစ်သင်တန်းပေး

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက စစ်ပြန်စစ်မှုထမ်းဟောင်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများကို သင်တန်းများပေးနေသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ တတိယအပတ်တွင် စတင်၍ သင်တန်းပေးနေခြင်း ဖြစ်ပြီး ကန်ကြီးထောင့် မြို့တွင် ရဲနှင့် ပျူစောထီး များကို သင်တန်းပေးလျှက်ရှိကာ ငပုတောမြို့တွင် စစ်ပြန် စစ်မှုထမ်းဟောင်းများကို သင်တန်းပေးနေခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သည့် ကန်ကြီးထောင့် ဒေသခံတစ်ဦး က "စစ်ကောင်စီခန့် ရပ်ကျေး အုပ် ကြီးတွေလည်း ပါတယ်။ အားလုံး လူ ၃၀ လောက်ကို သင်တန်း ပေးနေတာ။ သင်တန်းမှူးက ရန်ကုန်ကလာတဲ့ ဗိုလ်ကြီး တစ်ယောက်ပါ" ဟု ပြောသည်။

ရန်ကုန်မှ ဗိုလ်ကြီးကျော်စွာဦးဆိုသူ ဦးစီး၍ ဒေသတွင်း စစ်ဆင်ရေး တစ်ခုကိုလုပ်မည်ဟု သတင်းများ ထွက်နေ ပြီး သင်တန်းသားများက ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး ကန်ကြီးထောင့်မြို့ အဝင် ဆိုင်းဘုတ်အနီး ရွှေလယ် တော စားသောက်ဆိုင်တွင် တည်းခိုကာ သင်တန်းတက်ရောက်နေကြခြင်း ဖြစ်သည်ဟု အဆိုပါ အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူက ဆက်ပြောသည်။

ငပုတောမြို့တွင်မူ စစ်ပြန် စစ်မှုထမ်းဟောင်းများကို သင်တန်းပေးနေခြင်းဖြစ်ကာ စစ်ကောင်စီခန့် ရပ်ကျေး အုပ် ချုပ်ရေးမှူး အချို့လည်းပါဝင်ပြီး သင်တန်းကာလမှာ နှစ်ပတ်ဖြစ်သည်ဟု ငပုတောမြို့ခံ စစ်မှုထမ်းဟောင်း တစ်ဦး က ပြောသည်။

"အောက်တိုဘာလတုန်းကလည်း စစ်ပြန် စစ်မှုထမ်းဟောင်းတွေ မွမ်းမံ သင်တန်းပေးပြီး ပြည်သူ့ စစ်အဖွဲ့ ဖွဲ့ တယ်။ လက်နက်တပ်ဆင်ပေးတယ်" ဟု အထက်ပါ စစ်မှုထမ်းဟောင်းက ဆက်ပြောသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့၏တပ်သို့ ဝင်ရောက်စစ်မှုထမ်းသည့် လူငယ်မရှိဖြစ်နေသည့် အပြင် စစ်သည် အင် အားမှာလည်း လျော့ကျလာနေသည်ဟု နိုင်ငံရေး စစ်ရေး လေ့လာသူ အချို့က ထောက်ပြ ပြောဆိုမှုများ ရှိနေ သည်။

ကန်ကြီးထောင့်မြို့ နှင့် ငပုတောမြို့အတွင်းက ဒေသခံအချို့ကမူ ၎င်းတို့ ဒေသအတွင်းရှိ PDF ပြောက်ကျားများကို စီးနင်း တိုက်ခိုက်ရန်အတွက် စစ်ကောင်စီအနေဖြင့် စုဖွဲ့ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်ဟုလည်း  ပြောဆိုဝေဖန်မှု များ ရှိနေသည်။

ဒေသခံ ပြောက်ကြားတပ်ဖွဲ့များက စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း Mytel ဖုန်းတာဝါတိုင်များကို ဗုံးခွဲဖျက် ဆီးခြင်း၊ စစ်ကောင်စီသတင်းပေး ဒလန်များကို သုတ်သင်ခြင်း၊ ရဲစခန်းအချို့နှင့် စစ်ကောင်စီယာဉ်တန်းအချို့ကို ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီခန့် ဟော်တယ်ဝန်ကြီးနှင့် တိုင်းဝန်ကြီးချုပ် ယာဉ်တန်းကို စောင့်ကြိုကာ အငိုက်ဖမ်း၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...