မိုင်းကိုင်စစ်ရှောင်များ ကျိုင်းတောင်းမြို့သို့ ထွက်ပြေးတိမ်းရှောင်

မိုင်းကိုင်စစ်ရှောင်များ ကျိုင်းတောင်းမြို့သို့ ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခိုက်ကျေးရွာအုပ်စုက ဒေသခံ(၁၇၀)ကျော် ကျိုင်းတောင်းမြို့အနီးသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဟိုခိုက်ကျေးရွာအုပ်စုက ကျေးရွာ (၄)ရွာခန့် ကျိုင်းတောင်းမြို့နှင့် (၃)မိုင်အကွာရှိ နမ့်ဟူးရွာဟောင်း လွယ်စက်ရွာမှာ မိုးကာတဲဖြင့် လာရောက်နေထိုင်နေသည်မှာ တစ်လခန့် ရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ခုလက်ရှိ အရေးပေါ်လိုအပ်တာတော့ အိပ်ယာခင်းတွေ၊ စောင်တွေ၊ ဆောင်းဝင်ပြီဆိုတော့ အနွေးထည်တွေလည်း လိုအပ်တယ်။ စားသောက်ရေးပိုင်းတော့ တစ်ပတ်လောက် ဖူလုံမှု ရှိအုံးမယ်” ဟု ကျိုင်းတောင်းဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသား တစ်ဦးက ပြောသည်။

ကျိုင်းတောင်းသို့ ရောက်ရှိလာသည့် မိုင်းကိုင်မြို့နယ် စစ်ရှောင်များသည် ဟိုခိုက်ကျေးရွာအုပ်စု နောင်လျော်ကျေးရွာအပါအဝင် ကျေးရွာ (၄)ရွာမှ အိမ်ခြေ (၆၀)ခန့် ၊ လူဦးရေ (၁၇၀)ကျော် ရောက်ရှိလာကြောင်း သိရှိရသည်။

“သီတင်းကျွတ်ပြီးတော့ စစ်ဘေးရှောင်တွေ ရောက်လာကြတယ်။ အစားအသောက်ပိုင်း၊ ကျန်းမာရေးပိုင်း၊ ဝတ်စားဆင်ယင်တဲ့အပိုင်းတွေ အားလုံးကတော့ အခက်ခဲဖြစ်နေတယ်” ဟု ကျိုင်းတောင်းမြို့ရှိ ဆရာတော် တစ်ပါး က မိန့်တော်မူသည်။

ကျိုင်းတောင်းမြို့သည် လင်းခေးခရိုင် မိုးနဲမြို့နယ်မှာရှိပြီး ၎င်းတို့ ထွက်ပြေးလာစဉ် လဲချားမြို့နယ် ဝမ်စိမ်းလမ်းကြောင်းဘက်သို့ လာခဲ့ရကြောင်း သိရှိရသည်။

စက်တင်ဘာလမှ စတင်ပြီး မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲများကြောင့် ဟိုခိုက်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...