ကိုဗစ်နှင့် နိုင်ငံရေးကြောင့် ပင်လောင်းမြို့ အာလူးစိုက်တောင်သူများ အခက်ကြုံ

ကိုဗစ်နှင့် နိုင်ငံရေးကြောင့် ပင်လောင်းမြို့ အာလူးစိုက်တောင်သူများ အခက်ကြုံ

ကိုဗစ် – ၁၉ ကူးစက်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်းလောင်းမြို့နယ်ရှိ အာလူးစိုက်သည့် ဒေသခံတောင်သူများ အာလူးဈေးကွက်မရှိသည့်အတွက် ဆက်လက်စိုက်ပျိုးရန် အခက်ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းမြို့နယ်တွင် ကိုဗစ် – ၁၉ ကူးစက်မှုထိန်းချုပ်နိုင်ရန် မြို့မဈေးများကို ဆက်လက်ပိတ်ထားကြောင်း သိရှိရသည်။

“အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် အရောင်းအဝယ်တွေလည်း အလုပ်မဖြစ်ဘူး။ အာလူးတွေ စိုက်ပြီးရင်လည်း သွားရောင်းမယ့်နေရာတွေ မရှိတဲ့အတွက် ကျမတို့တောင်သူတွေလည်း မစိုက်ရဲတော့ဘူး” ဟု ပင်လောင်းဒေသခံ တောင်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ် အာဏာမသိမ်းခင်ကာလတွင် ကိုဗစ် – ၁၉ ကူးစက်ရောဂါဖြစ်ပွားသော်လည်း အာလူးစိုက်ပျိုးသည့် တောင်သူများ အရောင်းအဝယ်ဖြစ်နေကြောင်း တောင်သူများက ပြောဆိုကြသည်။

“ခါတိုင်းနှစ်တွေတော့ ကျမတို့ (၃) ဧကလောက်စိုက်တယ်။ အရင်းက သိန်း (၂၀) လောက်ရှိပေမယ့် အမြတ်နည်းနည်းတော့ ကျန်တာပေါ့။ ဒီနှစ်တော့ သူများတွေလည်း မစိုက်ကြတော့ဘူး။ စိုက်တဲ့သူက တစ်ရွာကို (၄ – ၅) အိမ် လောက်ပဲ စိုက်ကြတော့တယ်” ဟု အာလူးစိုက်သည့် တောင်သူ အမျိုးသမီး တစ်ဦးကပြောသည်။

ယခင်က အာလူးစိုက်သည့် တောင်သူများ ယခုတွင် အာလူးမစိုက်တော့သည့်အတွက် စားဝတ်နေရေးအခက်ခဲဖြစ်နေပြီး ကျပန်းအလုပ်လုပ်ကိုင်နေရကြောင်း သိရှိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...