မတ္တရာတွင် စစ်ကောင်စီ ကားနှစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရ။ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်

မတ္တရာတွင် စစ်ကောင်စီ ကားနှစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရ။ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ၏ ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

မတ္တရာမြို့နယ်၊ ကျွန်းပင်ကျေးရွာနှင့် သဖန်းကိုင်းကျေးရွာ အကြား စပါးကျီတောင်အနီးတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကားနှစ်စီး နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် မိုင်းလေးလုံးခွဲ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မိုင်းသံက တော်တော်ကျယ်တယ်။ မိုင်းသံကြားပြီး မကြာဘူး။ သေနတ်သံတွေ ဆက်တိုက်ကြားရတာပဲ” ဟု အသက် ၄၇ နှစ် အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်သားအယောက် ၃၀ ခန့်သည် အုန်းလွတ်ကျေးရွာကို ဝင်ရောက်စစ်ဆေးမှုမှ အပြန် ယခုကဲ့သို့ မိုင်းခွဲတိုက်ခံ ရ ခြင်းဖြစ်ပြီး စစ်ကားအကြီးထဲက စစ်သား ၄ ယောက် အပြင်းထန် ဒဏ်ရာရသွားသည်။

ထို့သို့ မိုင်းခွဲတိုက်ခိုက်ခံလိုက်ရသည့် အနီးနားကျေးရွာများကို စစ်ကောင်စီတပ်က သေနတ်များဖြင့်ပစ်ဖောက်၊ ဝင်ရောက်မွှေနှောက်ခြင်းများ ပြုလုပ်ပြီး သဖန်းကိုင်းကျေးရွာက တောင်သူလုပ်ကိုင်သူ ကိုဇော်မျိုးဦးနှင့် ကိုစိုးနိုင်  တို့ နှစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။

ယခုအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သဖန်းကိုင်းကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသည် ဟု ဒေသခံများက ပြောသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...