စလင်းမြို့မဈေးမီး ဆိုင်ခန်း ၁၂၀ ကျော် ဆုံးရှုံး

စလင်းမြို့မဈေးမီး ဆိုင်ခန်း ၁၂၀ ကျော် ဆုံးရှုံး

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့မ ရပ်ကွက်ရှိ မြို့မဈေးကြီး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၁၂၀ ကျော် မီးထဲပါသွားသည်ဟု မြို့ခံများက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ပြီး တစ်နာရီကျော်ကြာ မီးလောင်ကျွမ်း မှုကြောင့် ဆိုင်ခန်းပေါင်း ၁၂၀ ကျော် မီးထဲပါသွားခဲ့သည်။

”ဆီဆိုင်က ဆီပေပါတွေ အမြန်လှိမ့်ထုတ်နိုင်လို့ မဟုတ်ရင် မြို့ပါကုန်နိုင်တယ်” ဟု မီးလောင်စဉ်တွင် ရှိနေသူ တစ်ဦး က ပြောသည်။

တောင်းများ၊ ပလုံးရောင်းသည့် လောင်စာများသည့် နေရာက မီး စလောင်ခြင်းဖြစ်၍ ဈေးအတွင်းမှ စတိုးဆိုင်၊ အထည်ဆိုင်၊ တောကုန်ဆိုင်များကဲ့သို့သော ဆိုင်ခန်း အတော်များများ ပါသွားရခြင်းဖြစ်သည်ဟု မျက်မြင်တွေ့သူ တစ်ဦးက ပြောပြသည်။

လျှပ်စစ်မီးပျက်နေခဲ့သည့် အချိန်တွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။

မြို့နယ်မီးသတ်ဦးဌာနကမူ မီးလောင်ရသည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးနှင့် စီစစ်နေဆဲဖြစ်သည်ဟု ဆိုသည်။

စလင်းမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃ စီး၊ ရေသည်ယာဉ် ၃ စီး၊ ပွင့်ဖြူမီးသတ်တပ်ဖွဲ့၊ ဆင်ဖြူကျွန်း မီးသတ် တပ်ဖွဲ့တို့မှ မီးသတ်ယာဉ်၊ ရေသယ်ယာဉ်၊ မင်းဘူးခရိုင်မီးသတ်တပ်ဖွဲ့၊ ကုန်းဇောင်းနယ်မြေမီးသတ်တပ်ဖွဲ့တို့က မီးသတ်ယာဉ်အချို့က အားဖြည့်မီးငြိမ်းသတ်ခဲ့ကြပြီး ည ၇ နာရီအချိန်ခန့်တွင် မီးစထိမ်းနိုင်ခဲ့သည်ဟု သိရသည်။

စလင်းမြို့မ ဈေးကြီးထဲတွင် ဈေးဆိုင်ခန်းပေါင်း ၇၃၆ ခန်းရှိပြီး နိုဝင်ဘာလ ၂၃ ရက်နေ့၊ ညနေမီးလောင်မှုထဲတွင် ဆိုင်ခန်းပေါင်း ၂၃၀ နီးပါး မီးလောင်သွားခဲ့ပြီး ဘေးပတ်လည်ရှိ အခြားဆိုင်ခန်းများ မီးလွတ်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...