တိုက်ပွဲများကြောင့် မိုင်းယော်တိုက်နယ်တွင် တောင်သူများ လယ်ယာသွားရန် အခက်ကြုံနေ

တိုက်ပွဲများကြောင့် မိုင်းယော်တိုက်နယ်တွင် တောင်သူများ လယ်ယာသွားရန် အခက်ကြုံနေ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် တောင်သူများ လယ်ယာသွားရန်အတွက် အခက်အခဲများစွာ ကြုံနေရကြောင်း သတင်းသိရသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့၏ နေ့စဥ်ရက်ဆက်ကြားနေရသည့် ပစ်ခတ်သံများနှင့် ရွာနားစပ်သို့ မကြာခဏကျလေ့ရှိသည့် အမြောက်ကျည်ဆံများကြောင့် လယ်ယာများကိုပင် တောင်သူများ မသွားရဲတော့ကြောင်း မိုင်းယော်တိုက်နယ် ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ပစ်ခတ်မှုတွေက နေ့တိုင်းရှိနေတယ်၊ မဟာမိတ်ဘက်က ချောင်းပြီးတိုက်ရင် စစ်ကောင်စီဘက်က ပြန် လိုက်ပစ်ပြီးတော့ လက်နက်ကြီးနဲ့ ပြန်ချတာ၊ တချို့နေ့တွေက ပစ်ခတ်မှုတွေပြင်းတယ်၊ အဲ့ကြောင့် ရွာသားတွေလည်း ရွာပြင် မထွက်ရဲကြဘူး” ဟု မိုင်းယော်တိုက်နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့သည် မိုင်းယော်တိုက်နယ် မိုင်းယန်းကျေးရွာအုပ်စုအတွင်း၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ပြည်သူများအနေဖြင့် မြို့တက်ပြီး စားနပ်ရိက္ခာများ ဝယ်ခြမ်းရန်အတွက်နှင့် လယ်ယာ ခြံများကို သွားကြည့်ရန်အတွက် အခက်အခဲများဖြစ်ပေါ်နေသည်။

“အခက်အခဲကတော့ ရှိတာပေါ့၊ ရွာထဲမှာနေပြီးတော့ ပစ်ခတ်သံတွေကြားနေရတာလည်း ကြောက်ရတယ်လေ၊ ကိုယ့်နား မရောက်လာနိုင်ဘူးလို့ မပြောနိုင်ဘူး၊ မြို့တက်ပြီး ဆန်ဆီဆားတွေ ဝယ်ဖို့လည်း မလွယ်တော့ဘူး၊ အခုဆို ရိတ်ထားတဲ့စပါးတွေကလည်း ဒီအတိုင်း ပုံထားရတယ်၊ သွားမကြည့်နိုင်သေးဘူး” ဟု မိုင်းယန်းကျေးရွာ အုပ်စု ဒေသခံ တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ နှောင်းပိုင်းမှ စတင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ မိုင်းယော်တိုက်နယ်အတွင်း ထိပ်တွေ့တိုက်ပွဲများ စတင်လာခြင်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်များကို ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်ဖွဲ့ သည် တပ်မ ၉၉၊ ခြေမြန်တပ်ရင်း (ခမရ ၃၃၆)တပ်ဖွဲ့တို့ မိုင်းယော်တိုက်နယ်အတွင်း လှုပ်ရှားနေသည်ဖြစ်ရာ ၎င်းတို့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...