ဘုန်းကြီးကျောင်းကို PDF တွေ ဖျက်ဆီးတယ်ဆိုတဲ့ သတင်းမှား ဖြန့်

ဘုန်းကြီးကျောင်းကို PDF တွေ ဖျက်ဆီးတယ်ဆိုတဲ့ သတင်းမှား ဖြန့်

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျောက်ဖူးရွာ (၁) ရှိ ဗောဓိရိပ်သာဘုန်းကြီးကျောင်းကို PDF တွေ က ဝင်ရောက် ဖျက်ဆီးပြီး ဘုရားဘဏ္ဍာငွေတွေ လုယက်သွားတယ်ဆိုတဲ့ သတင်းတစ်ခုဟာ ယခုရက်ပိုင်း အတွင်း Facebook လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့နေတာကိုတွေ့ရပါတယ်။

အဆိုပါ သတင်းကို Koko Mgmg ဆိုသူ Facebook အကောင့်ပိုင်ရှင်က နိုဝင်ဘာလ ၂၂ ရက်နေ့က ရေးတင်ထား ပြီး အမျိုးသားရေး လှုပ်ရှားသူများ၊ ကြံခိုင်ရေး ထောက်ခံသူများနှင့် တပ်မတော်အမှန်တကယ် ချစ်သူများ အစ ရှိတဲ့ Facebook Group တွေမှာလည်း ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဗောဓိရိပ်သာ ဘုန်းကြီးကျောင်းကို PDF တွေက ဖျက်ဆီးခဲ့တာ မဟုတ်ပါဘူး။ ရွာထဲကို ဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောဆိုထားလို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒေသအတွင်းက ပြည်သူ့ ကာကွယ်ရေးတပ်က တာဝန်ရှိသူ တစ်ဦးကလည်း ဘုန်းကြီးကျောင်းကို စစ် ကောင်စီတပ်က ဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ Mizzima သတင်းဌာနကို ဖြေဆိုထားပါတယ်။

စစ်ကောင်စီတပ်က ဗောဓိရိပ်သာဘုန်းကြီးကျောင်းကို ဝင်ရောက် ဖျက်ဆီးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး Mizzima သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3oZXnzX တွေ့နိုင်ပါတယ်။

ဒါကြောင့် Koko Mgmg ဆိုသူရဲ့ ရေးသားမှုဟာ တကယ့်မြေပြင်က လက်တွေ့ ဖြစ်စဉ်ကို အမှန်အတိုင်း ရေးသား ထားတာ မဟုတ်တဲ့ ဝါဒဖြန့် ရေးသားမှုတစ်ခုသာဖြစ်ပြီး PDF တွေကို ပြည်သူတွေ အထင်အမြင် မှားအောင် ရေး သားထားတဲ့ သတင်းအမှားဆိုတာကို အချက်အလက် စစ်ဆေးချက်အရ အတည်ပြုနိုင်ခဲ့ ပါတယ်။

Koko Mgmg ဆိုသူ ရေးသားထားတဲ့ သတင်းအမှားကို ကြိုက်နှစ်သက်သူ ၃၀၀ ကျော်၊ ထပ်ဆင့် ဖြန့်ဝေသူ ၉၀ နီးပါးနဲ့ သဘောထား မှတ်ချက်ရေးသားသူ တော်တော်များများရှိနေတာကို တွေ့ရပါတယ်။

အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာဆိုရင် သတင်းအမှားဖြန့်ဝေသူတွေဟာ လက်ရှိ ဖြစ်ပျက် နေတဲ့ အဖြစ်အပျက် အကြောင်းအရာတွေကို အခြေခံပြီး သတင်းအမှားတွေအဖြစ် ဖန်တီးရေးသားကာ ကျယ် ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်က စာဖတ်ပရိတ်သတ်တွေအနေနဲ့ အကြောင်းအရာတစ်ခုခုကိုပဲဖြစ်ဖြစ် သတင်းတွေ ကိုပဲဖြစ်ဖြစ် ဖတ်ပြီး/ကြည့်ပြီး ထပ်ဆင့် ဖြန့်ဝေတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တွေကနေ တက်လာတဲ့ သတင်းတွေနဲ့ သေချာ စီစစ်ပြီးမှ ဖြန့်ဝေသင့်ပါတယ်။

Most read this week

January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...
January 29, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတရွာကို စစ်ကော်မရှင် စစ်ကြောင်းက...
January 27, 2026
ကျေးရွာအများစု ချန်လှပ်ခံရသည့် ရှမ်းမြောက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည်...