တပ်မတော်ပိုင် ရော်ဘာ မှိုင်းခံ စက်ရုံ မီးရှို့ခံရ

တပ်မတော်ပိုင် ရော်ဘာ မှိုင်းခံ စက်ရုံ မီးရှို့ခံရ

တပ်မတော် စစ်လက်နက် စုဆောင်းရေးတပ် (ကကနက်)ပိုင်ဆိုင်သည့် ရော်ဘာမှိုင်းခံစက်ရုံ မီးရှို့ခံပြီး ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု တနင်္သာရီ နယ်ခံများက ပြောသည်။

တနင်္သာရီမြို့နယ်၊ တကူကျေးရွာ၊ ကော်တောရပ်ကွက်ရှိ ရော်ဘာ မှိုင်းခံစက်ရုံ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီကျော် အချိန်ခန့်တွင် မီးရှို့ခံရခြင်းဖြစ်ပြီး ထိုမီးရှို့မှုကို လက်နက်ကိုင်အုပ်စု တစ်စုက လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

တကူကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက “ဘယ်အဖွဲ့ဆိုတာတော့ မသိဘူး။ ရွာနဲ့တော့ နည်း နည်းအလှမ်းဝေးတယ်။ ရော်ဘာပြားတွေရော စက်တွေပါ အဆောက်အဦးက အစ အကုန်လောင်သွားတာ“ ဟု ပြောသည်။

နောက်ရက် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အခင်းဖြစ်ပွားရာနေရာသို့ စစ်သားအများအပြား ရောက်လာခဲ့ သည်ဟု ဒေသခံအချို့က ဆိုသည်။

အဆိုပါ မှိုင်းခံ စက်ရုံသည် ပြီးခဲ့သည့် ဆယ်နှစ်ကျော်ခန့်ကတည်းက တည်ရှိနေပြီး ညောင်ပင်ကွင်း အခြေစိုက် တပ်မတော် စစ်လက်နက် စုဆောင်းရေးတပ် (ကကနက်)ပိုင်ဆိုင်သည့် ရော်ဘာခြံအလုပ်ရုံဖြစ်သည်ဟု  ရွာသား များ က ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား ရောက်‌ လာပြီး အနီးဝန်းကျင်ရှိ နေအိမ်များနှင့် ရွာသားများကို စစ်ဆေးမေးမြန်းလျက်ရှိနေသည်စု ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...