ကိုဗစ်ကာကွယ်ဆေးထိုးပြီးလက်မှတ် ကျောက်မဲမြို့ တွင် နေအိမ်ထဲထိဝင်စစ်

ကိုဗစ်ကာကွယ်ဆေးထိုးပြီးလက်မှတ် ကျောက်မဲမြို့ တွင် နေအိမ်ထဲထိဝင်စစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ကို နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ယခုတစ်ပတ်အတွင်း ကိုဗစ် စစ်ဆေးမှုကို ရုတ်တရက် လမ်းသွားလမ်းလာ ပြည်သူများနှင့် နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးနေကြောင်း သိရသည်။

“သူတို့က အရူးထရင် ထသလို စစ်နေတာဘဲ။ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးပြီလား ဆိုတာကိုပဲ စစ်တာ။ မထိုးပြီးသေးရင် သူတို့ ခရီးမပေးထွက်ဘူးတဲ့။ နေအိမ်ထဲထိကိုလည်း ဝင်စစ်တယ်။ သေနတ်တွေကိုင်ပြီးတော့ ဝင်ဝင်စစ်တာ” ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကိုဗစ် – ၁၉ ကာကွယ်ဆေးကို အကြောင်းပြပြီး စစ်ဆေးရာတွင် PDF များကို ဝင်ရောက် စစ်ဆေးခြင်းဖြစ်နိုင်ကြောင်း ဒေသခံ တစ်ချို့က သုံးသပ်ပြောဆိုသည်။

“သူတို့ ကိုဗစ် ကာကွယ်ဆေးကို ထိုးပြီးပြီလား နေအိမ်ထိ လိုက်စစ်တယ်ဆိုတော့ တစ်မျိုးပဲလေ။ သူတို့ ဒီ PDF တွေ ရှိနေလားဆိုတာကို ပိုပြီး စစ်ဆေးချင်တာနေမှာပါ။ ကျောက်မဲမှာက PDF မရှိပါဘူး” ဟု ကျောက်မဲမြို့ အမျိုးသားတစ်ဦးက ပြောသည်။

ကိုဗစ် ၁၉ ကာကွယ်ဆေးကို လာရောက်စစ်ဆေးရာတွင် သေနတ်ထောက်ပြီး လာရောက်စစ်ဆေးသောကြောင့် ဒေသခံများက စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“သေနတ်နဲ့လာစစ်မှတော့ ကျမတို့လည်း ကြောက်တာပေါ့။ စိုးရိမ်တယ်။ သူတို့ပြောတဲ့အတိုင်း လိုက်မလုပ်ရင် ချက်ချင်းကြီး ထထိုးတော့မလိုဘဲ။ သူတို့လာစစ်ရင်လည်း ပေးစစ်ရတယ်” ဟု ကျောက်မဲမြို့ မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီက PDF ရှိသည့် အထင်ဖြင့် စစ်ဆေးရေးကို ယခင်ထက် ပိုတင်းကြပ်လာ လေ့ရှိကြောင်း သိရသည်။

ကျောက်မဲခရိုင်အတွင်းတွင် သီပေါမြို့ PDF နှင့် နောင်ချို PDF တို့ ဖွဲ့စည်းပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပြီးနောက် စစ်ဆေးမှုများ ပိုတင်းကြပ်လာခြင်းဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...