ရခိုင်တောင်ပိုင်းမှာ လက်နက်နဲ့အတူ PDF တွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေ

ရခိုင်တောင်ပိုင်းမှာ လက်နက်နဲ့အတူ PDF တွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေ

ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲ ငပလီ PDF အယောက် ၃၀ ကို လပြည့်နေ့က AA က ထောက်ပံ့ထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းတစ်ခုကို Aung Ba Nyo ဆိုသူ Facebook Account ပိုင်ရှင်က သိမ်းဆည်းရမိထားတယ်လို့ဆိုတဲ့ လက်နက်ဓာတ်ပုံနဲ့တကွ နိုဝင်ဘာလ ၂၀ ရက်နေ့က ရေးတင်ထားပါတယ်။

အဲဒီ သတင်းကို Aung Ba Nyo က “USDP {ပြည်ခိုင်ဖြိုး} တပ်မတော် .. ရဲ .. ချစ်မြတ်နိုးရာ Facebook Group” နဲ့ “တပ်မတော် အမှန်တကယ် ချစ်သူများ” Facebook Group တို့မှာ ဖြန့်ဝေထားပြီး ကြိုက်နှစ်သက်သူ၊ သဘောထား မှတ်ချက်ပေးသူနဲ့ ပြန်လည်ဖြန့်ဝေသူ တော်တော်များများရှိနေတယ် ဆိုတာကိုလည်း တွေ့ရပါ တယ်။

NMG က ဒီသတင်းကို စီစစ်တဲ့ အခါမှာ အဲ့ဒီသတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ Aung Ba Nyo ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ သံတွဲက ဓာတ်ပုံ မဟုတ်သလို မြန်မာ နိုင်ငံထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို အခြေခံထားတဲ့ ဓာတ်ပုံလည်း ဟုတ်မနေပါဘူး။

အဲဒီ ဓာတ်ပုံဟာ တာလီဘန်တွေက အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းယူပြီးတဲ့ နောက်မှာ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဗီဒီယို ရိုက်ယူထားတဲ့ ရုပ်သံဖိုင်ထဲက ပုံကို screenshot ရိုက်ပြီး အသုံးပြုထားတာကို တွေ့ရပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ရုံးချုပ်တည်ရှိတဲ့ ALARABAYA NEWS က ရေးသား ထားတဲ့ သတင်းနှင့် ရုပ်သံကို ဒီလင့် https://bit.ly/3FLdzMd မှာ ဝင်ကြည့်လို့ရပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်က အာဏာသိမ်းယူဖို့ ကြိုးစားတဲ့နောက်ပိုင်း တိုင်းနဲ့ ပြည်နယ် တော်တော်များများမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ဖွဲ့စည်းထား ပေမယ့် လည်း ရခိုင်ပြည်နယ်မှာ PDF ဖွဲ့စည်းထားတာကို မကြားရသလို သတင်းဌာနတွေနဲ့ ဒေသခံတွေဖက်ကလည်း ရေးသားပြောဆိုမှုတွေလည်း မရှိခဲ့ပါဘူး။

ဒါကြောင့် အချက်အလက် စစ်ဆေးချက်တွေအရ တခြားနိုင်ငံက ဓာတ်ပုံကို စာနဲ့တွဲပြီးတော့ ရေးတင်ထား တာ ကတစ်ကြောင်း၊ နောက်ပြီး ဒေသခံတွေနဲ့ သတင်းဌာနတွေက အခုအဖြစ်အပျက်ကို ပြောဆိုရေးသားမှုတွေ မရှိ တဲ့အတွက် သတင်းအမှားလို့ သတ်မှတ်နိုင်ပါတယ်။

ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းဌာနတွေက တင်တဲ့ သတင်းတွေနဲ့ အချက်အလက် တူညီ သယောင် ရေးသားမှုတွေရှိနေသလို ဓာတ်ပုံက ပြောချင်တဲ့ အကြောင်းအရာနဲ့ မကိုက်ညီတဲ့ ရေးသားမှုတွေနဲ့ လည်း ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေမျိုးတွေ ရှိနေတဲ့အတွက် လူမှုကွန်ရက် သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အခုလိုမျိုး ကာ လမှာ သတင်းတွေကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ကိုယ့်ဖြန့်ဝေမယ့် သတင်းဟာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ရှိ/မရှိ တင်/မတင် သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့် ဝေပေးဖို့ လိုအပ်ပါတယ်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...