ထားဝယ်ထောင်အတွင်း ထောင်ကျ နိုင်ငံရေး အကျဉ်းသား ၄၀ ဝန်းကျင်ရှိ

ထားဝယ်ထောင်အတွင်း ထောင်ကျ နိုင်ငံရေး အကျဉ်းသား ၄၀ ဝန်းကျင်ရှိ
DPPN က ထုတ်ပြန်ထားသည့် တစ်လအတွင်း အမိန့်ချခံထားရသူများ၏ စာရင်း
DPPN က ထုတ်ပြန်ထားသည့် တစ်လအတွင်း အမိန့်ချခံထားရသူများ၏ စာရင်း

ထားဝယ်အကျဉ်းထောင်အတွင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် ထောင်ဒဏ် အမိန့်ချ အပြစ်ပေးခံထားရသူ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ဝန်းကျင်ခန့် ရှိသည်ဟု ထားဝယ်နိုင်ငံရေး အကျဉ်း သားများ ကွန်ယက် DPPN ၏ မှတ်တမ်းစာရင်းများအရ သိရသည်။

ထားဝယ်အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အချုပ်သားအနေဖြင့် အမှုရင်ဆိုင်နေရသူ ခန့်မှန်း ခြေ အယောက် ၁၅၀ ဝန်းကျင်ခန့် ရှိနိုင်သည်ဟု DPPN က ပြောသည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီမှ ထောင်ဒဏ်ကျခံသူများကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား အချို့ ကျန်နေခဲ့သည်ဟု ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ယက် Dawei Political Prisoners Network(DPPN) ၏ မှတ်တမ်းများတွင် ရေးသားထားသည်။

ဝန်ကြီးချုပ်ဦးမြင့်မောင်သည် နှစ်ရှည် ထောင်ဒဏ်အသီးသီး အမိန့်ချခံရသူများ အထဲတွင် နှစ်အများဆုံး ကျခံ နေရသူဖြစ်သည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပုဒ်မ ၅၀၅-က အမှုအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး ထား ဝယ်အကျဉ်းထောင်ထဲတွင် အမိန့်ချခံထားသူ ၂၈ ဦးဝန်းကျင် ကျန်ရှိနေသေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၂၀ ရက်နေ့ အထိ တလတာအတွင်း ထပ်မံ ထောင်ဒဏ်အမိန့်ချခံရသူများမှာ စာရင်းအရ ၁၂ ဦးထပ်တိုးလာသည်ဟု DPPN က ဆိုသည်။

လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားအချို့ အကြမ်းဖက် ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုခံထားရပြီး အချို့နိုင်ငံရေး အကျဉ်းသားများက အကြမ်းဖက် ဥပဒေပုဒ်မ ၄ ခု ခန့်အထိ စွပ်စွဲ ပုဒ်မများတပ်ခံထားရပြီး တရားရင်ဆိုင်နေကြ ရသည်။

အမိန့်ချခံထားရတဲ့သူ အချို့က အမိန့်မချရသေးသည့် နောက်ဆက်တွဲအမှုများကို  ရှေ့နေရှေ့ရပ်များ မပါဘဲ ဆက် လက်တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

ထားဝယ်ခရိုင်အတွင်း  နေ့စဉ် ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေပြီး အမှုဖွင့်အရေးယူမှုများ ရှိနေသကဲ့သို့ အချို့ အဖမ်းခံရသူများကိုလည်း  ငွေသိန်းချီတောင်းကာ ပြန်လွှတ်ပေးခြင်းများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...