စံပြ ၆ မိုင်ကျေးရွာမှာ ပစ်သတ်ခံရတဲ့ လင်မယားနှစ်ဦး ယနေ့ သဂြိုလ်

စံပြ ၆ မိုင်ကျေးရွာမှာ ပစ်သတ်ခံရတဲ့ လင်မယားနှစ်ဦး ယနေ့ သဂြိုလ်

ဒီးမော့ဆိုမြို့နယ် စံပြ ၆မိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားချိန် ဘုရားကျောင်းရှေ့ ပစ်သတ်ခံရတဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ အလောင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပြန်လည်တွေ့ရှိပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှာ သဂြိုလ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ ကိုထွန်းထွန်းငြိမ်နဲ့ မချစ်စုဝေဖြစ်ပြီးတော့ အသက် ၂၂ နှစ်သာ ရှိကြသေးတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ကနေ ဇနီးဖြစ်သူနေတဲ့ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာကို ဆိုင်ကယ်နဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အလုပ်လုပ်ဖို့ ဂေါ်ပြားပေါက်ပြားတို့ ပြန်ယူတဲ့အချိန် အဆက်အသွယ်မရတော့ပဲ ပျောက်သွားခဲ့တာလို့ သိရပါတယ်။

ကိုထွန်းထွန်းငြိမ်ရဲ့ မိဘတွေက နိုဝင်ဘာလ ၁၉ရက်နေ့မှာ ပြန်ရှာဖို့အသွား စံပြ ၆ မိုင် ဘုရာကျောင်းရှေ့မှာ မချစ်စုဝေရဲ့ အလောင်းကို တွေ့ရပြီးနောက် ကိုထွန်းထွန်းငြိမ်ရဲ့အလောင်းကို မြောင်းထဲမှာ ထပ်မံတွေ့ရှိရတယ်လို့ သူကဆက်ပြောပါတယ်။

အလောင်းပြန်တွေ့တဲ့အချိန်မှာ ဦးခေါင်းပွင့်ထွက်နေတာကို တွေ့ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

” အမျိုးသားလည်း နောက်ကနေ ပစ်တဲ့ ပုံစံမျိုးပဲ။ ရှေ့ခေါင်းပိုင်း မျက်နှာ တစ်ခြမ်းက ဦးနှောက်ကအကုန်လုံး ပွင့်ထွက်ကုန်တယ်ကော။ သူတို့ လင်မယား နှစ်ယောက်လုံးပဲ။ “

စစ်ကောင်စီတပ် နဲ့ ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့ နိုဝင်ဘာလ ၁၈ရက်နေ့မှာ စံပြ ၆ မိုင် ကျေးရွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူ နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ ဇနီးမောင်နှံဟာ လက်ထပ်တာ နှစ်နှစ်ပဲရှိသေးတာဖြစ်ပြီး ကြုံရာဂျပန်း အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသွားတဲ့ ဒေသခံပြည်သူ ၁၀၂ ဦးရှိသွားပြီလို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF )က နိုဝင်ဘာလ ၁၆မှာ ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...