မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်း အလုပ်မဖြစ်

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်း အလုပ်မဖြစ်

ခရီးသွားရာသီရောက်ရှိလာပြီ ဖြစ်သော်လည်း မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းများ အလုပ်မဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောသည်။

ဘေးကင်းလုံခြုံမှု မရှိသည့် အခြေအနေများကြောင့် ကျွန်းခရီးစဉ်များသို့ သွားရောက်လည်ပတ်သည့် လုပ်ငန်းများ လက်ရှိအချိန်တွင် အလုပ်မဖြစ်သေးခြင်းဖြစ်သည်ဟု ခရီး သွားလုပ်ငန်းရှင်များ က ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ချိန် ၂၀၁၉ ခုနှစ်ကတည်းက ခရီးစဉ်များရပ်နားထားရပြီး လက်ရှိနိုင်ငံရေး အခြေ အနေများကြောင့်ပါ ယခုနှစ်၏ ခရီးသွားလည်ပတ်နိုင်သည့် ပွင့်လင်းရာသီသို့ ရောက်ရှိလာသော်လည်း ခရီးသွား များ မရှိဖြစ်နေရသည်ဟု ပြောသည်။

ခရီးသွားလုပ်ငန်းရှင် တစ်ဦးက “ပွင့်လင်းရာသီလည်းရောက်ပြီ။ ကိုဗစ်လည်းလျော့ကျလာပြီ။ Stay at home လည်းမရှိတော့ဘူးဆိုတော့ လုပ် ငန်းပြန်စဖို့ မျှော်လင့်မိပေမယ့် အားမရပါဘူး။ ဘာလို့လဲဆိုတော့ ခရီးသွားလာ လည်ပတ်တာက စီးပွားရေး အဆင်ပြေကြမှလေ။ အခုကပြည်သူတွေ အဆင်မှမပြေကြတာ“ ဟု ပြောသည်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းများနှင့် ဘေးကင်းလုံခြုံမှုမရှိသည့် အခြေအနေများနှင့် တရားဥပေဒစိုးမိုးမှုမရှိသည့် အခြေအနေများကြောင့် ပြည်ပနှင့်ပြည်တွင်း အခြားဒေသများမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု မရှိကြသေးဟု လုပ်ငန်းရှင်များ ကပြောသည်။

လက်ရှိတွင် ဒေသတွင်းသွားလာနေသူ အနည်းအကျဉ်းနှင့် အလုပ်ကိစ္စဖြင့် ရောက်လာသူ အချို့သာ သွားလာ မှုရှိသည်ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လပေါင်းများစွာရပ်နားထားသည့် ရန်ကုန်-မြိတ် လေကြောင်းလိုင်းများမှာ နိုဝင်ဘာ လ ၂၀ ရက်နေ့မှ စတင်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း တစ်ရက်ကြိုတင်၍ ၁၉ ရက်နေ့တွင် ပြန်လည်ပြေးဆွဲ ပေး ခဲ့သည်။

ခရီးသွားလုပ်ငန်ရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက “လေယာဉ်တွေ ပြန်ဆွဲပေးပြီဆိုတော့ အခြားဒေသ ခရီး သည်တွေ ရောက်လာမယ်လို့တော့ မျှော်လင့်မိပါတယ်“ ဟု ပြောသည်။

မြိတ်ခရိုင်အတွင်း ခရီးသွားအေဂျင်စီ ၄၀ ကျော်ရှိပြီး (Speed Boat)  စပိဘုတ် သင်္ဘောပိုင်ဆိုင်သည့် ခရီးသွားလုပ်ငန်း ၁၀ ခု ကျော် ရှိသည်။

အခြားဒေသမှ ကိုယ်ပိုင်ကားများဖြင့် မိသားစုလိုက်၊ အစုအဖွဲ့လိုက် လာရောက်လည်ပတ်သူအချို့နှင့် ဒေသတွင်း နေထိုင်သူအချို့မှာ လှေစီးလုံးငှားကာ ကျွန်းခရီးစဉ်ကို အနည်းအကျဉ်း သွားလာနေကြပြီး တစ်ဦးခြင်းအနေဖြင့် ကြိုတင် လက်မှတ်ဝယ်ကာ သွားလာမှုမရှိသေးဘူးဟု ခရီးသွားလုပ်ငန်းရှင်များ ကပြောသည်။

လက်ရှိတွင် ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း ခရီးစဉ်များအတွက် ခရီးသည် တစ်ဆယ့်ရှစ်ဦးပါ Speed Boat စင်းလုံး ငှားခ ဆယ်သိန်းကျပ်ရှိပြီး လေးကျွန်း၊ သမီးလှ၊ ငါးမွေးဆောင် ခရီးစဉ်မှာ ကျပ်ခုနှစ်သိန်းခွဲခန့်ရှိသည်။

ထို့အပြင် ကြယ်လိပ်ကျွန်းခရီးစဉ်တွင် နေရာဝေးလွန်းသည့်အတွက် ဆယ့်သုံးသိန်းကျော်ခန့် ကျသင့်မည်ဖြစ်ပြီး စားသောက်စရိတ်မပါဝင်ဘူးဟု ခရီးသွားလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...