ပုလောမြို့နယ်အတွင်း ပျူစောထီးအဖွဲ့မှ ဆိုသူ နှစ်ဦး၏ နေအိမ်များကို PDF ပစ်ခတ်တိုက်ခိုက်

ပုလောမြို့နယ်အတွင်း ပျူစောထီးအဖွဲ့မှ ဆိုသူ နှစ်ဦး၏ နေအိမ်များကို PDF ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ကျေးရွာတစ်ရွာရှိ ပျူစောထီး အဖွဲ့ဝင်ဆိုသူများ၏ နေအိမ် နှစ်လုံးကို ဒေသခံ PDF အဖွဲ့က သေနတ်ဖြင့် အချက် ၇၀ ခန့် ပစ်ခတ်ခဲ့သည်။

ပုလောကုန်းကျေးရွာအုပ်စု နတ်အိမ်တောင်ကျေးရွာတွင် နေထိုင်သူ ပျူစောထီး ဝင်းညွန့် နှင့် သူ့အဖွဲ့ဝင်ဆိုသူ တစ်ဦး၏ နေအိမ် ၂လုံးကို ဒေသခံ PDF အဖွဲ့က သေနတ်ဖြင့် အချက် ၇၀ ခန့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ လက်နက်ကိုင် PDF အဖွဲ့နှစ်ဖွဲ့ ခွဲပြီး ညှပ်ပစ်ခဲ့သော်လည်း ပျူစောထီးအဖွဲ့ဝင်ဆိုသူတို့သည် ကြိုတင်သတင်းရကာ ထွက်ပြေးတိမ်းရှောင်သွား သည်ဟု သိရသည်။

ထို့ကြောင့် နေအိမ်ပျက်စီးမှုများမှ လွဲ၍ လူထိခိုက်သေဆုံးမှုမရှိခဲ့ဘူးဟု သိရသည်။

“မနက်အစောကြီးက ပစ်တာ။ ဘောလုံးကွင်းနားက ပျူစောထီးအိမ် နှစ်ယောက်ရဲ့အိမ် ဒလန်တွေရော ပျူစော ထီးတွေရော တစ်ယောက်မှ လာမကူရဲဘူး။ ဝင်းညွန့်ကို ဘယ်သူက သတင်းပေးလိုက်လည်း မသိဘူး။  ကပ်သီ လေး လွတ်သွားတာ”  ဟု အသက် ၅၀ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ပစ်ခတ်မှုသည် မိနစ် ၂၀ ကျော်ခန့် အချိန်ကြာမြင့်ခဲ့သော်လည်း ပစ်ခတ်မှုအတွင်း စစ်ကောင်စီမှ သေနတ် လက် နက် တပ်ဆင်ဖွဲ့စည်းပေးထားသည့် မနီးမဝေးရှိ ပုလောကုန်းကျေးရွာမှ  ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များမှ လာ ရောက် စစ်ကူပစ်ခတ်ပေးခြင်းမျိုးမရှိဘူးဟုလည်း ရွာသားများက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နံနက် ၆ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အနီးဝန်းကျင် ရှိ နေအိမ်များကို စစ်ဆေးမေးမြန်းကာ သေနတ်မှန်သည့် နေအိမ်များကိုလည်း မည်သူမျှမလာရန်နှင့် ဓါတ်ပုံ၊ ဗွီဒီ ယိုများ ရိုက်ကူးခြင်းမပြုရန် တားမြစ်၍ ပြန်ထွက်သွားသည်ဟု နတ်အိမ်တောင်ကျေးရွာက ရွာသားများက ပြော သည်။

ပုလောကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် စစ်တပ်ထောက်ခံသူနှင့် စစ်တပ်သတင်းပေးများ ပေါများ သည်ဟုလည်း  ကျေးရွာသားများက ဆိုသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...