PDF များရှိသည့် ရွာများကို စုစည်းရွာလုပ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

PDF များရှိသည့် ရွာများကို စုစည်းရွာလုပ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ်အတွင်းက ကျေးရွာအချို့တွင် “NLD ပါတီ၏ လက်ပါးစေ PDF ကို အမြစ် ပြတ်ချေမှုန်းမည်” ဆိုသည့် စာသားများပါသည့် စာရွက်များကို  နိုဝင်ဘာ၁၇ရက်နေ့မှ စတင်၍ စစ်ကောင်စီ တပ် ဖွဲ့များက ခြိမ်းခြောက်စာများ လိုက်ကပ်နေသည်ဟု ဒေသခံများက ပြောသည်။

ခြိမ်းခြောက်စာများတွင် ပြည့်သူ့ ကာကွယ်ရေး အဖွဲ့ PDF များကို ရည်ညွှန်းလျက် “အကြမ်းဖက်သမားများ” နေထိုင်သော ရွာများကို စုစည်းရွာလုပ်မည်ဟုလည်း ရေးသားထားသည်။

ယင်းခြိမ်းခြောက်စာများကို သေနတ်လွယ်ထားသည် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး နှင့် အရပ်ဝတ်နှစ်ဦးတို့က လမ်း ဘေးဓါတ်တိုင်များ အပါအဝင်နေရာ အချို့တို့တွင် ကပ်သွားခြင်းဖြစ်သည်ဟု ပြောသည်။

“အစွန်းရောက် NLD ပါတီသည် မြေပေါ်တွင် ရပ်တည်ခွင့်မရှိ၊ သူပုန်လုပ်ရန် ရည်ရွယ်ချက် မရှိသော လူငယ်များ အမြင်မှန်ရပြီး အလင်းဝင်ပါ” ဆိုသည့် စာသားများလည်းပါသည်ဟု ဒေသခံ များက ပြောသည်။

စစ်ကောင်စီက ခြိမ်းခြောက်တိုင်းကြောက်နေပြီး စစ်ကောင်စီ ပြောသမျှကို ယုံနေပါက ပြည်သူလူထု၏ နွေဦး တော်လှန်ရေးသည် ဖြစ်လာစရာမရှိဘူးဟု ကံမမြို့က လူငယ်တစ်ဦးက ပြောသည်။

“သူတို့က လူထုကို စည်းရုံးရှင်းပြမယ်ဆိုတာမျိုး ဘယ်တော့မှမရှိဘူး။ လက်နက်အားကိုးနဲ့ ခြိမ်းခြောက် အနိုင် ကျင့်ဖို့ပဲ လုပ်တတ်သူတွေ“ ဟု ကံမမြို့ခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း ၅၀၅- က ပုဒ်မဖြင့် ဖမ်းဝရမ်းထုတ်ခံထားရ၍ တိမ်းရှောင်နေရသည့် ကံမမြို့ နယ် NLD ပါတီ အလုပ်အမှုဆောင် ၂ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁ ဦး တို့၏ နေအိမ်များကို ချိပ်ပိတ် သိမ်းဆည်းလိုက်ကြောင်း စစ်ကောင်စီက အဆိုပါအိမ်များတွင် စာရွက်များ ကပ်ခဲ့သေးသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...