အောက်မန်လွယ်ရွာ တစ်ရွာလုံးနီးပါး နေမကောင်းဖြစ်၊ ကိုဗစ်ဖြစ်မှာ စိုးရိမ်နေ

အောက်မန်လွယ်ရွာ တစ်ရွာလုံးနီးပါး နေမကောင်းဖြစ်၊ ကိုဗစ်ဖြစ်မှာ စိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အောက်မန်လွယ်ကျေးရွာတွင် ယခုရက်ပိုင်း တစ်ရွာလုံးနီးပါး နေမကောင်းဖြစ်နေကြပြီး ကိုဗစ် ၁၉ ဖြစ်မှာကို ဒေသခံများက စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် အောက်မန်လွယ်ကျေးရွာ တစ်ရွာလုံးနီးပါးက ကိုဗစ် ၁၉ နှင့် ဆက်စပ်သည့် ရာသီတုပ်ကွေး ဖြစ်နေကြောင်း သိရသည်။

“တုပ်ကွေးက ကိုဗစ် ၁၉ နဲ့ဆက်စပ်နေတယ်လေ။ အခု တစ်ရွာလုံးနီးပါး အိမ်တိုင်းလိုလိုက ဖျားနေတာတွေရှိတယ်။ တစ်အိမ်မှာ ၁ ယောက် ၂ ယောက်ကတော့ ဖျားကြတယ်။ ကိုဗစ် ဖြစ်ရင်တော့ ခက်တယ်။ ကိုဗစ်လည်း စစ်ဆေးကြည့်တယ်။ တစ်ချို့က positive အဖြေထွက်တယ်” ဟု အောက်မန်လွယ်ကျေးရွာ ဥက္ကဌက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိနေမကောင်းဖြစ်နေသည့်သူများကို Test kit နှင့် ကိုဗစ် ၁၉ ပိုး စစ်ဆေးပေးရာတွင် တစ်ချို့ပြည်သူများထံမှ ကိုဗစ်ပိုး တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို ပိုးတွေ့လူနာများကို လက်ရှိတွင် မိမိနေအိမ်တွင် Quarantine ဝင်ခိုင်းပြီး ကိုယ်ထူကိုယ်ထ ဆေးကုသမှုခံယူ နေကြရကြောင်း သိရသည်။

“တစ်ချို့ကတော့ positive အဖြေထွက်တယ်။ ပိုးရှိတဲ့သူတွေကိုတော့ ကိုယ့်အိမ်မှာဘဲ Quarantine ဝင်ထားခိုင်းတယ်။ အခြေနေ မဆိုးရင်တော့ ကိုယ့်ကို အိမ်မှာဘဲ ကုကြရတယ်။ ကျန်းမာရေးပိုင်း၊ ဆရာဝန်တွေကတော့ အပြည့်အဝမရှိဘူး” ဟု အထက်ပါ ကျေးရွာဥက္ကဌက ပြောသည်။

အောက်မန်လွယ်ကျေးရွာတွင် နိုဝင်ဘာ ၁၇ ထိ ကိုဗစ် ၁၉ လာစစ်ဆေးသူများထဲမှ ပိုးတွေ့လူနာ ၁၃၀ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် လာရောက်မစစ်ဆေးသူများလည်း ရှိနေကြောင်း သိရသည်။

ထို အတည်ပြုလူနာ (၁၃၀)ဦးသာမက တစ်ရွာလုံး ကိုဗစ် ၁၉ ပိုးတွေ့မှာကို ကျေးရွာဒေသခံများက စိုးရိမ်နေကြသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...