သရက်ချောင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

သရက်ချောင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရသည်။

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအုပ်စု ကျောက်လှေကားကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်သည် ရော်ဘာခြံသို့ အလုပ်လုပ်ရန်သွားစဉ် နိုဝင်ဘာ ၁၅ ရက်နေ့က ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

အသက်၃၀ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦးက “သေနတ်သံ တစ်ချက်ကြားတယ်။ မနက်၂ ချက်ခွဲ လောက် မှာပေါ့။ အလောင်းတွေ့တာက ၃ နာရီလောက်မှ တွေ့ တယ်။ ခေါင်းကိုထိတာဆိုတော့ ပွဲချင်းပြီးသေသွားပုံရ တယ်” ဟု ပြောသည်။

ဦးမောင်နိုင်သည် NLD အစိုးလက်ထက်ကလည်း အုပ်ချုပ်ရေးမှူးဖြစ်ပြီး ယခု စစ်ကောင်စီလက်ထက်တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ကာ စစ်ကောင်စီသတင်းပေး ဒလန်တစ်ယောက်ဟု ဒေသခံရွာသားများက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးမောင်နိုင် စစ်ကောင်စီ၏ သတင်းပေးအဖြစ်လုပ်ဆောင်နေသည်ကို ထပ်မံမလုပ်ရန် စာထုတ် သတိပေးခဲ့ဖူးသော်လည်း ဆက်ပြီး လုပ်ဆောင်နေသည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သရက်ချောင်းမြို့မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် ဒေသခံ PDF အဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

သရက်ချောင်းမြို့နယ်တွင် ဒလန်ဟု လူသိများသူများကို သတ်ဖြတ်မှုနှင့် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက် မှုများ နိုဝင်ဘာလဆန်းမှစတင်၍ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အထူးသဖြင့် တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်များအနက် ထားဝယ်ခရိုင်အတွင်းက ပစ်ခတ်မှုများ၊ မိုင်းဆွဲတိုက် ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး အမျိုးသားနှစ်ဦးအတူ ဆိုင်ကယ်စီးနင်းခွင့်ကိုလည်း စစ်ကောင်စီက နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ပိတ်ပင်ထားသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...