ဟိုတယ် ဝန်ကြီး ယာဉ်တန်း တိုက်ခိုက်ခံရ

ဟိုတယ် ဝန်ကြီး ယာဉ်တန်း တိုက်ခိုက်ခံရ

ဧရာဝတီတိုင်း ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် စစ်ကောင်စီခန့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးနှင့် စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ယာဉ်တန်းကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဟိုတယ်/ခရီး ဝန်ကြီး ဒေါက်တာ ဌေးအောင် နှင့် ဧရာဝတီ တိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တို့လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဧရာဝတီ တိုင်း စစ်ကောင်စီရုံးဝန်ထမ်း အချို့ထံမှ စုံစမ်းသိရသည်။

"ထိခိုက်တာ သေတာ ရှိလား မရှိလား သေချာတော့ မသိဘူး။ အပစ်ခံရတော့အမှန်ပါ" ဟု စစ်ကောင်စီရုံး ဝန်ထမ်းတစ်ဦး က ပြောသည်။

ချောင်းသာကမ်းခြေ ခရီးသွား ရာသီဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ချောင်းသာ ကမ်းခြေမြို့ Azura Hotel ကမ်းခြေရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် အပြန်ခရီးတွင် ပစ်ခတ် တိုက်ခိုက်ခံရသည်ဟု စစ်ကောင်စီရုံး ဝန်ထမ်းတစ်ဦး က ပြောသည်။

လက်နက်ကိုင် အဖွဲ့တစ်ခုက ကား ၈ စီး ပါသည့် စစ်ကောင်စီအဖွဲ့၏ ယာဉ်တန်းကို တောင်ပေါ် မှ စီးပစ်ခဲ့ရာ ကား ၇ စီးမှာ ပုသိမ်မြို့ဘက်သို့ မီးခိုး တလူလူဖြင့် မောင်းပြေးသွားသည်ဟု ဒေသခံအချို့က ပြောသည်။

"အချက် ၃၀ ကျော်လောက် အတွဲလိုက် ပစ်တဲ့ အသံဗျ။ ပစ်ခံရတဲ့နေရာမှာ ကားမှန်ကွဲတွေ ကျန်ခဲ့တယ်။ လုံခြုံ ရေး ကားတစ်စီးက တောင်နံရံဘက် ဝင်ကပ်ပြီးကျန်ခဲ့တယ်" ဟု ဒေသခံတစ်ဦး က ပြောသည်။

ထို့သို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး နောက်ထပ် ၁ နာရီခန့်အကြာတွင် တိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာသို့ စစ်ကောင် စီ တပ်ဖွဲ့ဝင်များ၊ ရဲများ ကား အစီး ၄၀ ခန့်ဖြင့် ရောက်ရှိလာပြီး ဆိုင်ကယ်စီး ခရီးသွား လူငယ် ၆ ဦးနှင့် ရှောပြာ ကျေးရွာတွင် ပိုက်ကျော်ခြင်းသွားကစားသည့် လူငယ် ၄ ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံများ က ပြော သည်။

ပစ်ခတ်တိုက်ခိုက်သည့် သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်ခန့်က တောနင်းရှာဖွေ နေ သည်ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ကတုန်းကလည်း ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တစ်ခု လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရရှိခဲ့ပြီး ပုသိမ် ခရိုင် ပြောက်ကျား တပ်ဖွဲ့က ရဲဘော်မောင်ကျော် ကျဆုံးခဲ့သည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...