ကချင်ပြည် ဆဒုံးမြို့အနီး ကောက်သစ်စားပွဲ ကျင်းပ

ကချင်ပြည် ဆဒုံးမြို့အနီး ကောက်သစ်စားပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဆဒုံးမြို့အနီးတွင် ကချင်တိုင်းရင်းသားများ၏ ကောက်သစ်စားပွဲ (ခ) ကျေးဇူးတော်ချီးမွမ်းပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့ တွင် ကျင်းပခဲ့ကြသည်။

ကချင်ဘိုးဘေးများသည် နှစ်စဉ်နှစ်တိုင်း ကောက်သစ်ရိတ်သိမ်းချိန် နိုဝင်ဘာလတွင် ကောက်သစ်စားပွဲကို ကျင်း ပလေ့ရှိပြီး ယခုနှစ်တွင် ဝိုင်းမော်မြို့နယ်နှင့် မိုင် ၄၀ ကျော်ခန့်ဝေးသည့် ဆဂါပါကျေးရွာ၏ ၁၄ နှစ်မြှောက် ကောက်သစ်စားပွဲကို ၂ ရက်တာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

တစ်နှစ်တာကာလအတွင်း အိမ်တွင် ရှိရှိသမျှထဲက အသစ်အသစ်ဟူသမျှကို ယူဆောင်လာပြီး ပူဇော်ပသရသည့် ပွဲမျိုးဖြစ်ကြောင်း ပေါ်ဦးပေါ်ဖျားဆန်၊ ကောက်သစ်များ၊ ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ မွေးမြူ ထားသည့် တိရိစ္ဆာန်များ၊ ကိုယ်ရရှိထားသည့် ငွေကြေးဓနရွှေငွေရတနာများကို ပူဇော်ကြကြောင်း သင်းအုပ်ဆရာ ဦးဒီဘရန်အောင် က ရှင်းပြသည်။

သင်းအုပ်ဆရာ ဦးဒီဘရန်အောင်က "သားဆိုရင်လည်း ပထမဆုံးမွေးတဲ့သားတွေကအစ ဒီကျေးဇူးတော် ချီးမွမ်း ပွဲမှာ ခေါ်လာပြီး ကျနော်တို့ရဲ့ ဘုရားကိုမျက်နှာလာပြရတာပေါ့" ဟု ပြောသည်။

ကောက်သစ်စားပွဲ (ခ) ကျေးဇူးတော်ချီးမွမ်းပွဲကို ပူဇော်ပသဆုတောင်းခြင်း အစီအစဉ်များ ရှေးဘိုးဘွားများ လက်ထက်က ရိုးရာနွားယစ်ပူဇော်စင်၊ ရိုးရာကြက်ယစ်ပူဇော်စင်များဖြင့် ယစ်ပူဇော်ခဲ့ကြပြီး၊ ရိုးရာမောင်းတီး ခြင်း ထောင်ကာအကပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြသည်။

ဆဂါပါကျေးရွာသည် ကချင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် တရုတ်လူမျိုးများ စုပေါင်းနေထိုင်ကြပြီး ဇိုင်ဝါး လူမျိုးများ အများဆုံးနေထိုင်သည်။ အိမ်ခြေ ၁၃၀ ကျော် လူဦးရေစုစုပေါင်း ၈၀၀ ကျော်ရှိသည်။

ရွာသားများသည် အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် လယ်ယာလုပ်ငန်း၊ ချဉ်ဇော်ခါးသီးများ၊ သစ်ကြားသီး များကို စီးပွားဖြစ်စိုက်ပျိုးခြင်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်ဟု သိရသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...