ပင်လောင်းလက်ဖက် စျေးကွက်မရှိ

ပင်လောင်းလက်ဖက် စျေးကွက်မရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လက်ဖက်စိုက်ပျိုးသည့် တောင်သူများသည် လက်ဖက်စျေးမရှိသည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး စားဝတ်နေရေးကျပ်တည်းလာကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ်ဘက်တွင် လက်ဖက်ခြောက်လုပ်ငန်းနှင့် သီးနှံစိုက်ပျိုးမှုကို အဓိက လုပ်ကိုင်ကြပြီး ယခုနှစ် ဈေးနှုန်းမရရှိသောကြောင့် ဒေသခံများ စားဝတ်နေရေး ပိုကျပ်တည်းလာကာ ရှေ့ဆက်ရန် စိုးရိမ်နေကြရကြောင်း သိရသည်။

“ကျမတို့ဘက်က အဓိက လက်ဖက်ခြောက်လုပ်ကြတယ်။ အရင်နှစ်တွေကတော့ လက်ဖက်ဈေးကောင်းသေးတယ်။ ဒီနှစ်တော့ ဈေးနှုန်းမရှိဘူး။ ဝယ်တဲ့သူလည်း မရှိဘူး။ ဒါတွေက ကျမတို့ စားဝတ်နေရေးအတွက် အများကြီး ခက်ခဲစေတယ်” ဟု ပင်လောင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်မှ ထွက်သည့် လက်ဖက်ခြောက်များကို မြန်မာနိုင်ငံတဝှမ်းသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခင်က လက်ဖက်ခြောက် တစ်ပိသာလျှင် ၅ ထောင်မှ ၆ ထောင်ကျပ်အထိ ရရှိကြောင်း သိရသည်။

သို့သော် ယခုနှစ်တွင် လက်ဖက်ခြောက် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်သာ ရရှိတော့ကြောင်း ပင်လောင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

“အရင်နှစ်တွေကတော့ တစ်ပိဿာကို ၆၀၀၀ ထိရတယ်။ အခုက ၂၅၀၀ လောက်ထိကျဆင်းလာတယ်။ ဈေးလည်း အမြဲဆက်တိုက်ကြနေတာ။ လက်ဖက်ခြောက်ဈေးက ပြန်မတက်လာတော့ဘူး။ ဒီအလုပ်ဘဲ အဓိကလုပ်ကိုင်လာခဲ့တော့ တခြားနည်းလမ်းရှာဖို့ကလည်း ခက်လာတယ်” ဟု ပင်လောင်းမြို့ လက်ဖက်ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် မြို့မှထုတ်ကုန်ကို ဈေးချရောင်းရပြီး မြို့ထဲကို သွင်းလာသည့် ကုန်များကို ဈေးကြီးပေးဝယ်ရသောကြောင့် နောက်လာမည့် စားဝတ်နေရေးအတွက် စိတ်ပူနေကြရကြောင်း သိရသည်။

“ကိုယ်တွေမြို့က ထုတ်ကုန်ကိုတော့ စျေးပေါပေါနဲ့ ရောင်းတယ်။ မြို့ထဲသွင်းလာတဲ့ ကုန်ပစ္စည်းကိုကျတော့ ဈေးကြီးပေးဝယ်ရတယ်။ ဒါတွေကလည်း ကျနော်တို့ကို အခက်အခဲအများကြီးဖြစ်စေတယ်။ ကျနော်တို့ လက်ဖက်ခြောက်တွေလည်း အရင်လို မရောင်းကောင်းတော့ဘူး” ဟု ပင်လောင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကိုဗစ် ၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးရှုပ်ထွေးမှုကြောင့် မြန်မာပြည်သူများ တစ်ရက်ထက် တစ်ရက် စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...