မောက်မယ် Local Semi lockdown ကာလ ကိုဗစ်ကူးစက်မှု ပိုမြင့်တက်

မောက်မယ် Local Semi lockdown ကာလ ကိုဗစ်ကူးစက်မှု ပိုမြင့်တက်

သျှမ်းတောင် မောက်မယ်မြို့နယ်တွင် Local Semi Lockdown သတ်မှတ်ထားသော်လည်း ကိုဗစ်ကူးစက်မှု ပိုမိုမြင့်တက်လာကြောင်း သတင်းသိရသည်။

မောက်မယ်မြို့နယ်တွင် နိုဝင်ဘာလ (၂)ရက်နေ့က စပြီး Local Semi Lockdown သတ်မှတ်ထားတာဖြစ်ပြီး ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ရောဂါကူးစက်မှု တစ်ရက်လျှင် အယောက် (၄၀)နီးပါး ကိုဗစ်တွေ့ရှိကြောင်း ဒေသခံထံမှ သိရသည်။

“အရင် Semi Lockdown မလုပ်ခင်က တစ်ရက်ကို ၁၀ ယောက်လောက်ပဲ ကိုဗစ်တွေ့တယ်။ Lockdown လည်းလုပ်တော့ တရက်ကို အယောက် ၄၀ နီးပါးထိ တက်လာတယ်။ ကူးစက်မှုက အရမ်းမြင့်လာတယ်။ စည်းကမ်းလိုက်နာမှု အားနည်းတယ်လေ၊ ဆေးရုံထဲဝင်လာတာတောင် Mask မတပ်ပဲ ဝင်လာတဲ့သူ ရှိသေးတယ်” ဟု မောက်မယ်ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ကိုဗစ် – ၁၉ မြင့်တက်မှုသည် အဓိကအားဖြင့် ပြည်သူများ စည်းကမ်းစနစ်တကျ နေထိုင်မှုမရှိခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်မှုမရှိသည့်အပြင် မတပ်သည့်သူ များကြောင်း၊ ကိုဗစ်စစ်ဆေးရန်လည်း ကြောက်နေကြသည့်အတွက် ရောဂါပျံ့နှံ့မှုမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။

“နေမကောင်းရင်လည်း ကိုဗစ် စစ်ဆေးတာတွေ မလုပ်ဘူး။ ဒီတိုင်းနေတယ်။ ကိုဗစ်စစ်ဆေးဖို့ အရမ်းကြောက်ကြတယ်” ဟု ၎င်း အမျိုးသမီးက ထပ်လောင်းပြောသည်။

Local Semi Lockdown ကို နိုဝင်ဘာ (၁၅)ရက်နေ့အထိ သတ်မှတ်ထာပြီး ထိုကာလအတွင်း စျေးဆိုင်များ နံနက် (၆)နာရီမှ မွန်းတည့် (၁၂)နာရီအထိသာ ရောင်းချရန်၊ မွန်းတည့် (၁၂)နာရီမှ နောက်တစ်ရက် နံနက် (၆)နာရီအထိ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ စားသောက်ဆိုင်များ ပါဆယ်စနစ်သာ ရောင်းချရန်နှင့် ဆေးဆိုင်၊ ဆေးခန်း၊ စက်သုံးဆီဆိုင်မှအပ ကျန်သည့်စျေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းမပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

ထိုသို့ သတ်မှတ်ထားသော်လည်း စည်းကမ်းလိုက်နာမှုအားနည်းနေသည့်အပြင် ညနေပိုင်း စျေးဆိုင်ဖွင့်လှစ်ရောင်းချသူများအတွက်ပါ အခက်ခဲတွေ ဖြစ်လာကြောင်း ဒေသခံများက ပြောသည်။

“ဒီမှာက ညနေပိုင်းဆိုရင် လမ်းဘေးမှာ စျေးရောင်းတဲ့သူတွေရှိတယ်၊ စားဝတ်နေရေးအတွက် လုပ်နေရတဲ့သူတွေပဲ၊ ခုက နေ့လည် ၁၂ နောက်ပိုင်း အပြင်မထွက်ရဘူးဆိုတော့ အခက်ခဲတော့ ဖြစ်သွားတာပေါ့၊ ခုချိန်က ဘာအလုပ်အကိုင်မှ အဆင်မပြေဘူးလေ” ဟု အသက် (၃၀)အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မောက်မယ်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်ပိုးတွေ့သူ (၂၇)ဦး ရှိပြီး ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း (၃၄၇)ဦးနှင့် သေဆုံးသူ (၄)ဦးရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဆေးကုသမှုခံယူနေသူ (၁၃၀)ကျော်ရှိနေပြီး ဟိုနမ့်တိုက်နယ်တွင်လည်း ကိုဗစ်စင်တာ ထပ်မံတိုးချဲ့ဖွင့်လှစ်နေရကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...