မအူပင် တက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသူတစ်ဦး ဖမ်းခံရ

မအူပင် တက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသူတစ်ဦး ဖမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး မအူပင်တက္ကသိုလ်က သမိုင်းဒုတိယနှစ် နေ့ကျောင်းသူတစ်ဦးကို စစ်ကောင်စီက ဖမ်း ဆီးသွားပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိသဖြင့် မိသားစုဝင်များ စိတ်ပူနေကြသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊ နေ့လည်ပိုင်းက ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိမ်းသိမ်းထားသည်ကို ယနေ့ အချိန်ထိ မသိရကြောင်း သူငယ်ချင်းတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ၏ သူငယ်ချင်းတစ်ဦးက ”ဖေ့ဘုတ်မှာ တင်တာနဲ့ ပတ်သက်လို့ ဖမ်းတယ်ဆိုတာသေချာတယ်။ ဘာ အကြောင်းအရာလဲ အဲဒါတော့ မသိသေးဘူး” ဟု ပြောသည်။

မအူပင်တက္ကသိုလ်က သမိုင်းဒုတိယနှစ် နေ့ကျောင်းသူ အလုပ်လုပ်နေသည့်နေရာသို့ အရပ်ဝတ် အမျိုးသား ၅ ဦး ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သူမ၏ သူငယ်ချင်းအချို့က အတည်ပြုပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်တက္ကသိုလ်သမဂ္ဂက ကျောင်းသား ကျောင်းသူ ၃ ဦး ဖမ်းဆီးခံ ထားရပြီး ၎င်းတို့လည်း မိသားဝင်များနှင့် အဆက်အသွယ်မရသကဲ့သို့ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးဘူးဟု မအူပင်တက္ကသိုလ်က ဂုဏ်ထူးတန်းကျောင်းသား တစ်ဦး က ပြောသည်။

စစ်ကောင်စီက ကျောင်းသားများကို ဖမ်းဆီးထားသည့် သတင်းများကို အမှောင်ချထားပြီး ကျောင်းများ အဆင်ပြေပြေ ပြန်လည်ဖွင့်နေသကဲ့သို့ ထောင်ပံ့ကြေးပေးအပ်ပွဲပြုလုပ်ကာ ပုံဖောနေမှုများ ရှိနေသည်ဟုလည်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ က ပြောသည်။

ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်း တစ်ဦး က”အခုလိုထောက်ပံ့ပေးတယ်ဆိုတာကလည်း လာဒ်ထိုးတဲ့သဘော ချွေးသိပ်တဲ့ သဘောပဲလို့ မြင်ပါတယ်။ တကယ်ဆန္ဒရှိရင် ဖမ်းထားတဲ့ ကျောင်းသားတွေလွတ်ပေးလိုက်ပေါ့“ ဟု ပြောသည်။

စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်က နည်းပြသရုပ်ပြအသစ်များအား တွေ့ဆုံခဲ့ပြီး အသစ်ခန့်အပ်ထားသည့် နည်း ပြ၊ သရုပ်ပြအသစ်များကို ကျပ်သိန်း ၂၀ ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေကို သရုပ်ပြ ဦးကိုကို (ဓာတုဗေဒ)နှင့် ဦးဇော်ဇော်အောင် (ရူပဗေဒ)တို့က လက်ခံရယူခဲ့ ကြောင်းလည်း နိုဝင်ဘာလ ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

 စစ်ကောင်စီက ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးနေချိန်တွင် စစ်ကောင်စီခန့် ပါမောက္ခချုပ်က ကျောင်း သား၊ ကျောင်းသူ အချို့ကို နိုဝင်ဘာလ ၇ ရက်နေ့ က နည်းပြရာထူးများ ခန့်အပ်ခဲ့သေးသည်။

မအူပင်တက္ကသိုလ်တွင် အထူးပြုဘာရပ် ၁၂ ဘာသာရပ် ရှိပြီး ဆရာ/ဆရာမ ၃၀ ရာခိုင်နှုန်းခန့်သည် လက်ရှိ အချိန်ထိ CDM ဝင်ထားဆဲဖြစ်ကြောင်း မအူပင်တက္ကသိုလ်က ဆရာမတစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက်ကို ပြောသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...