လောင်းလုံတွင် ပျူစောထီးဆိုသူ တစ်ဦး မိုင်းဆွဲတိုက်ခံရ

လောင်းလုံတွင် ပျူစောထီးဆိုသူ တစ်ဦး မိုင်းဆွဲတိုက်ခံရ

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်း ပျူစောထီးဟု နာမည်ကျော်ကြားသူတစ်ဦး၏ကား နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က  မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံရွာသားများက ပြောသည်။

ပျူးစောထီး ပြည်သူ့စစ်ဟု နာမည်ကြီးသူ ပန်းဒလဲကျေးရွာနေ ကိုဇော်သည် ၎င်း၏ ကားဖြင့် ထားဝယ်ဘက်မှ မောင်းနှင်လာ စဉ် သာယာကုန်းကျေးရွာနှင့် မင်းရပ်ကျေးရွာကြားတွင် မိုင်းဆွဲခံရခြင်း ဖြစ်သည်။

“သူ့ကားပါပဲ။ လူကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ ကံကောင်းတယ်ဆိုရမယ်။ လောင်းလုံနယ်တဝိုက်မှာ သူ့ကိုမသိတဲ့သူမရှိဘူး“ ဟု လောင်းလုံဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာက သိမ်းပြီးနောက်ပိုင်း ကိုဇော်သည် လက်နက်ကိုင်လေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ နောက် အမြဲ လိုက်ပါလေ့ရှိသဖြင့် ပျူစောထီးခေါင်းဆောင်တစ်ဦးဟု ဒေသအတွင်း နာမည်ကြီးနေခြင်း ဖြစ်သည်ဟု ဒေသခံ များ က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းကျေးရွာနှစ်ရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်  စစ် ဆေးမှုများ ပြုလုပ်နေပြီး သေနတ်သံများလဲကြားရသည်ဟု ဒေသခံများကပြောသည်။

Underground PDF အဖွဲ့ကလည်း ပျူစောထီး ခေါင်းဆောင်ဆိုသူ တိုက်ခိုက်ခံရမှုသည် မိမိတို့လက်ချက်ဖြစ်ပြီး ဒေသခံများနှင့် မသက်ဆိုင်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...