တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို ထောင်ဒဏ် ၁၁ နှစ်ချ

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို ထောင်ဒဏ် ၁၁ နှစ်ချ

တနင်္သာရီတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်အား ဥပဒေ ပုဒ်မ ၃ ခုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် ထောင်တွင်း အထူးတရားရုံးမှ အမိန့်ချလိုက်သည်ဟု ထောင်တွင်းတရားရုံးနှင့် နီးစပ်သူ က ပြောသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေး အန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥ‌ပဒေပုဒ်မ-၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် နှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို စနစ်တကျ သုံးစွဲခြင်းမရှိဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချ မှတ်လိုက်ခြင်း ဖြစ်သည်။

“ပုဒ်မ ၃ ခု စလုံးကို သီးခြားစီ ကျခံစေရန်ဆိုပြီး အမိန့်ချမှတ်ခံရတာ။ တပေါင်းတည်းမပေးဘူး။ တမင်ယုတ်မာ တာ၊ ချုပ်ရက်ကိုတော့ ထုတ်နှုတ်ခံစားရမယ်“ ဟု ထောင်တွင်းတရားရုံးနှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ ဆိုသည်မှာ “ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်က ဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု” ဖြစ်သည်။

အဆိုပါ ပြစ်မှုထင်ရှားပါက တသက်တကျွန်းဒဏ် ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရ မည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နံနက်စောစောတွင် ဦးမြင့်မောင် ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ဖမ်း ဆီးခံရပြီးနောက် ရက်အနည်းငယ်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့ သည်။

နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရချိန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် သံပုံး (လင်ပန်း) တီးသည့် ဗီဒီယိုဖိုင်အား လူမှုကွန်ရက်ပေါ်တင်ခြင်းကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ပြန်လည် ဖမ်း ဆီးခေါ်ဆောင်သွား ခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်းတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခဲ့ရခြင်း ဖြစ် သည်။

ဦးမြင့်မောင်သည် NLD အစိုးရလက်ထက် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့ ပြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အဂတိအမှုဖြင့် အရေးယူခံရပြီးသည့်နောက် ဝန်ကြီးချုပ် ဖြစ်လာ ခဲ့သည်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇၇ နှစ် နှင့် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကို အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၉၂ နှစ်စီ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ချမှတ်လိုက်သည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...