ဈေးဝယ်နေသော အရပ်ဝတ်နှင့် စစ်သားများ ပစ်ခံရ

ဈေးဝယ်နေသော အရပ်ဝတ်နှင့် စစ်သားများ ပစ်ခံရ

ရန်ကုန် လှိုင်မြို့နယ်အတွင်းတွင် အရပ်ဝတ်နှင့် ဈေးဝယ်နေသော စစ်ကောင်စီ တပ်သား ၃ ဦး သေနတ်နှင့် ပစ်ခံရပြီး ၂ ဦး သေဆုံးသွားခဲ့ပြီး တစ်ဦး ဒဏ်ရာရသွားသည်။

နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းက လှိုင်မြို့နယ်၊ အင်းစိန် လမ်းမကြီးဘေးရှိ လှိုင်အားကစားရုံကြီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များထဲမှ ၃ ဦး သည် ဓမ္မသုခလမ်းပေါ်တွင် ညနေခင်းရောင်းချသည့် ကျောင်းကုန်းဈေး၌ ဈေးဝယ်နေစဉ် အနီးကပ် ပစ်ခံရခြင်း ဖြစ်သည်။

“မနေ့က ကလေးတစ်ယောက် ဖမ်းခံထိထားတော့ အားလုံးက ဒလန်ကို ပစ်တယ်လို့ထင်နေကြတာ။ ဒါပေမယ့် တပြိုင်တည်းမှာ သုံးယောက်ပြူးကို ပစ်တာဆိုတော့ ဒလန်မဖြစ်နိုင်တော့ဘူး။ ဟိုမေးဒီမေးနဲ့ စုံစမ်းကြည့်တော့ မှ ဘော်လီဘောရုံက သူတွေဖြစ်နေတာ“ ဟု ကျောင်းကုန်းလမ်းတွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုး သားတစ်ဦးက ရှင်းပြသည်။

ဘောလီဘောရုံဟု လူသိများသော လှိုင်အားကစား ရုံတွင် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားကြခြင်း ဖြစ်သည်။

ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာသို့ ချက်ချင်းပင် စစ်ကောင်စီတပ်များ ရောက်လာပြီးနောက် သေနတ်ပစ်ဖောက်မှု များကြောင့် ဈေးထဲတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး တိုက်ခန်းမြေညီထပ်များတွင် ဖွင့်ထားသည့် ဆိုင်များ လည်း ချက်ချင်းပိတ်ကုန်သည်ဟု လှိုင် ၇ ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

ရပ်ကွက် ၁၆ ရပ်ကွက်ရှိသည့် လှိုင်မြို့နယ်တွင် ယခင်ကတည်းက ရပ်ကွက်အလိုက် ဒလန်သုတ်သင်မှုဆိုသည့် ပစ်ခတ်များ၊ ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိခဲ့သော်လည်း ယခုကဲ့သို့ စစ်ကောင်စီတပ်များကို ပစ်ခတ်ခံရ မှု သည့် ပထမဆုံးအကြိမ် ဖြစ်သည်ဟု လှိုင်မြို့နယ်အတွင်း နေထိုင်သူများက ဆိုသည်။

လှိုင်အားကစားရုံကြီးနှင့် မျက်စောင်းထိုးတွင်ရှိနေသည့် လှိုင်မြို့မ ရဲစခန်းကိုလည်း အောက်တိုဘာလ ၃၁ ရက်နေ့ တုန်းက လက်နက်ကြီးဖြင့် ၄ ချက်ခန့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ သေးသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...