သုံးလအတွင်း ထိုင်းသို့ ခိုးဝင်သူ ၂၀၀၀ ကျော် ဖမ်းခံရ

သုံးလအတွင်း ထိုင်းသို့ ခိုးဝင်သူ ၂၀၀၀ ကျော် ဖမ်းခံရ

ထိုင်းနိုင်ငံအတွင်းသို့ တနင်္သာရီတိုင်း နယ်စပ်တောလမ်းမှ တရားမဝင် ခိုးဝင်သော မြန်မာအလုပ်သမားများ ဖမ်းဆီးခံရသည်မှာ သုံးလအတွင်း ၂၀၀၀ ကျော်သွားပြီဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED က ပြောသည်။

မြန်မာ ရွေ့ပြောင်းအလုပ်သမားများမှာ ထီးခီး၊ မောတောင်၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့် နယ်စပ်များမှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး အများစုမှ ထိုင်းနိုင်ငံအတွင်းရောက်ရှိပြီးမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း FED အဖွဲ့ အလုပ်သမား ပညာပေး စင်တာက ပြောပြသည်။

FED ကော့သောင်းရုံး တာဝန်ခံ ဦးမိုးဝေ က “နေ့စဉ်အဖမ်းခံနေရတာနဲ့ အတူတူပါပဲ။ ဒီလောက်အဖမ်းခံနေရ လည်း မလျော့သွားဘူး။ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး သွားလာနေကြတာ။ နယ်စပ်တွေကနေ ထိုင်းကိုသွားတဲ့ သူ တွေထဲမှာ တနင်္သာရီတိုင်းက လူတွေအပြင် ရခိုင်၊ မကွေး၊ ရန်ကုန် စတဲ့ နေရာစုံကလာတဲ့သူတွေလည်း တော် တော်များကြတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်လမ်းများမှ ခိုးဝင်သူများသည် ပွဲစားများကို  မြန်မာငွေကျပ် လေးသိန်း မှ ကျပ် ဆယ်သိန်းကျော်အထိ ပေးနေကြရပြီး မလေးရှားအထိသွားမည့်သူများမှာ မြန်မာငွေ ကျပ်သိန်းနှစ်ဆယ် အထိ ပေးရသည်။

ထိုင်းနိုင်ငံဘက်ခြမ်းတွင် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများမှာ အနည်းဆုံး အချုပ် ၄၅ ရက်ကျခံရပြီး ပြန်လည် ထူထောင်ရေးဂေဟာမှ တဆင့် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံကို ပြန်ပြီးလည် လွှဲပြောင်းပေးနေသည်။

ထိုသို့ လွှဲပြောင်းပေးနေသော်လည်း မြန်မာနိုင်ငံအတွင်း ပြန်လက်ခံနိုင်သည့် အခြေအနေရှိမှသာ ပြန်လွှဲပေးခြင်း ဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အချို့မှာ လပေါင်းများစွာမှသည် နှစ်ပေါက်သည်အထိ အချုပ်ခံနေကြရသူများ လည်း ရှိသည်ဟု FED ကော့သောင်းရုံး တာဝန်ရှိသူများက ပြောသည်။

ထိုင်းနိုင်ငံအတွင်း အဖမ်းဆီးခံရသည့် အချိန်တွင် ခေါ်ယူသွားသူ ပွဲစားများက မည်သည့် တာဝန်ယူမှု တာဝန်ခံမှု မျိုးမှ မရှိကြပဲ ကိုယ်လွတ်ရုန်းပြေးသွားခြင်းမျိုးသာရှိသည်ဟု ထိုင်း-မြန်မာနယ်စပ်တွင် ရွှေ့ပြောင်း အလုပ် သမားများ အရေး လုပ်ဆောင်နေသူများက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းဘက်အခြမ်းတွင် အဖမ်းဆီးခံရသူများအား ကော့သောင်းနယ်စပ်ဂိတ်မှ တဆင့် ထိုင်းအစိုးရမှ တရားဝင်ပြန်လည်လွှဲပြောင်းပေးခဲ့သူမှာ သုံးလအတွင်း ၂၀၀၀ ကျော်ရှိပြီဟု ကော့သောင်း FED ရုံး က ပြုစုထားသည့် စာရင်းမှတ်တမ်းများအရ သိရသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...