ဒီပဲယင်းသို့ စစ်သားများကို ရဟတ်ယာဉ်ဖြင့် ပို့၊ အရပ်သား နေအိမ်အချို့ကို မီးရှို့

ဒီပဲယင်းသို့ စစ်သားများကို ရဟတ်ယာဉ်ဖြင့် ပို့၊ အရပ်သား နေအိမ်အချို့ကို မီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းဒေသအတွင်း စစ်ကောင်စီတပ် များ သည် ရဟတ်ယာဉ် ၄ စီး ဖြင့် ဆင်းလာပြီး ကျေးရွာ ၃ ရွာမှ အိမ်အချို့ကို မီးရှို့သွားသည်ဟု ရွာသားများက ပြော သည်။

နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် ဝန်းရံကျေးရွာကို စတင်မီးရှို့ပြီး၊ ကုန်းရိုးကျေးရွာနှင့် ကုန်းရိုးကျေးရွာ မြောက်ဘက်ရှိ တပ်တည်အနောက်ကျေးရွာတို့ကို မီးရှို့သွားခြင်း ဖြစ်သည်။

ဝန်းရံကျေးရွာတွင် နွားတင်းကုတ်တစ်လုံး ကုန်းရိုးကျေးရွာတွင် လူနေအိမ် ၄လုံး၊ တက်တည်ကျေးရွာတွင် အိမ် တစ်လုံး၊ နွားတင်းကုတ်နှစ်လုံး၊ နွားတစ်ကောင်နှင့် ဆိုင်ကယ်နှစ်စီး မီးလောင်သွားသည်ဟု ရွာသားများက ပြော သည်။

နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ရဟတ်ယာဉ် နှစ်စီးဖြင့် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီကျော် အချိန်တွင် ရဟတ်ယာဉ် နှစ်စီးဖြင့် တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် စစ်တပ်အင်အား အယောက်  ၅၀ ခန့် ကို လာ ချသွားပြီးနောက် အဆိုပါ စစ်ကောင်စီတပ်သားများက မီးရှို့ခဲ့ခြင်း ဖြစ်သည်။

ဝန်းရံကျေးရွာသည် ယခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့ပြီး တပ်တည်အနောက်ကျေး ရွာသည် ယခုမှ ပထမအကြိမ်မီးရှို့ခံရခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ဝန်းရံကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်၊ ကုန်းရိုးကျေးရွာတွင် အိမ်ခြေ ၁၅၀ခန့်၊ တပ်တည်အနောက်ကျေးရွာတွင် အိမ်ခြေ ၈၀ခန့် ရှိပြီး ယခုခါ ရွာသားများသည် ဘေးလွတ်သည့် နေရာများသို့ တိမ်းရှောင်နေကြရသည်ဟု တပ် တည်ရွာသားတစ်ဦး က ပြောသည်။

ရွာသားများ လက်ရှိစားသောက်နေထိုင်ရပုံနှင့်ပတ်သက်၍ “အခုလောလောဆယ်တော့ အနီးအနားရွာတွေက အချင်းချင်းကျွေးထားလို့ ပြန်ကူနေကြတော့ ငတ်တော့မငတ်ကြပါဘူးပေါ့“ ဟု တပ်တည်အနော်ကကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကသာခရိုင်၊ ကောလင်းခရိုင်နှင့် ကန်ဘလူခရိုင်များအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့များကို စစ်ကောင်စီက လေကြောင်းအကူအညီများဖြင့် ရှင်းလင်းရန် လုပ်ဆောင်ပြီးနောက် ဒီပဲယင်းကိုပါ ထပ်မံလုပ်ဆောင်လာခြင်း ဖြစ်သည်။

ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် PDF တပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုများ၊ တူးမီးများဖြင့် ခြုံခို တိုက် ခိုက်ခံနေရမှုများကြောင့် ကုန်းကြောင်းကို အသုံးမပြုရဲတော့ဘဲ လေကြောင်းအကူအညီများကို ပိုမို အသုံးပြုလာနေသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...